Kabhi Khushi Kabhie Gham... (2001)


Rating : 7.5/10
Country : India 
Genre :  Drama, Musical, Romance 
Cast :   Shah Rukh Khan, Kajol, Amitabh Bachchan
Released Date : 2001
Duration : 3h 30min 

အညွှန်း

”….အဖေ တစ်ယောက်က သူ့သားကို ဘာလို့ အဲ့ဒီလို မပြောနိုင်ရတာလဲ…


သူ ဘယ်လောက်ထိချစ်တယ်ဆိုတာကို ?


သူ့ကို ပွေ့ဖက်ပြီး ချစ်တယ် ငါ့သားလို့ ဘာလို့ မပြောနိုင်ရတာလဲ?


ပြီးတော့ အမေကရော ?


သူကတော့ အကြိမ်ကြိမ်ပြောနေမှာ သူ့သားက နားထောင်ထောင် မထောင်ထောင်


ဒါပေမယ့် အဲ့ဒါ ဖခင်တစ်ယောက်က သူ့သားကို လျှော့ချစ်တယ်လို့ မဆိုလိုဘူး


မိခင်တစ်ယောက်က သူ့သားကို ဘယ်လောက်ထိ ချစ်တယ်ဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်ဘူး


အမေကိုယ်တိုင်တောင် မခန့်မှန်းနိုင်ဘူး


မိခင်ရဲ့ မေတ္တာကို တိုင်းတာလို့ မရလို့ပဲလေ


အမေတစ်ယောက်ကသာ အဲ့ဒီလို ခံစားမှုမျိုးကို


ခံစားနိုင်တာမို့လို့လေ……”


Kabhi Khushi Kabhie Gham… (2001) သည် IMDb 7.4/10 Rotten Tomatoes 100% Google users 91% ရထားသော ဒါရိုက်တာ Karan Johar ရိုက်ကူးထား၍ Karan Johar, Sheena Parikh တို့က ဇာတ်လမ်းဇာတ်ညွှန်းရေးသားကာ သရုပ်ဆောင် : Shah Rukh Khan, Kajol, Amitabh Bachchan


တို့ပါဝင်သရုပ်ဆောင်ထားသော Drama, Musical, Romance ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ…..


ဆင်းရဲတဲ့ အမျိုးသမီးတစ်ယောက်ကို လက်ထပ်မိလို့ ရာဟူးကို သူ့အဖေက အိမ်က နှင်ချလိုက်တဲ့အခါ လန်ဒန်ကို ပြောင်းသွားပြီ ဘဝသစ်တစ်ခု အခြေအချနေချိန်မှာ သူ့ရဲ့ ကြီးပြင်းအရွယ်ရောက်လာတဲ့ ညီလေး ရိုဟန်က ရာဟူးကို အိမ်ပြန်ခေါ်နိုင်ဖို့ စစ်ဆင်ရေးတစ်ခု လုပ်ကာ မိသားစု ပြန်လည်ပေါင်းစည်းဖို့ ကြိုးစားတဲ့အခါ အောင်မြင်မလား မအောင်မြင်ဘူးလားဆိုတာ ဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုခံစားကြည့်ကြပါခင်ဗျာ…


 

0 comments:

Post a Comment