ဒီဇတ်ကားကတော့ တမီးလ်ဇာတ်ကားတွေနဲ့ သိပ်မတူတဲ့ တမီးလ်ဇာတ်ကားပါ။ မင်းသားထိုးလိုက်ရင် ပေ ၂၀လောက်လွင့်သွားပြီး
လူ ၁၀၀လောက်ကို တစ်ယောက်တည်းချတဲ့ အခန်းတွေလည်းမပါပါဘူး။
မင်းသားကြီးမိုဟန်လယ်နဲ့ မင်းသား ဆူရီယားတို့ အပြင် ဘောလိဝုဒ် သရုပ်ဆောင်(3 Idiotsထဲကကျောင်းအုပ်ဆရာကြီး)
ဘိုမန် အီရန်နီကလည်း ဗီလိန် နေရာကနေ သရုပ်ဆောင်ထားပါတယ်။
ဇတ်လမ်းအညွှန်းကတော့
ရာဗီး ဟာ အသွင်ယူပြီး တဖက်နိုင်ငံကို စုံစမ်းထောက်လှမ်းနေတဲ့
စစ်ထောက်လှမ်းရေးအရာရှိတစ်ယောက်ဖြစ်သလို တမီးလ်နာဒူမှာ
အော်ဂဲနစ် စိုက်ပျိုးရေးလုပ်နေတဲ့ လယ်သမားတစ်ယောက်လည်းဖြစ်ပါတယ်..
အိန္ဒိယဝန်ကြီးချုပ် ချန်ဒရာဗာမားကို လုပ်ကြံတာနဲ့ ဇတ်လမ်းစထားပြီး
ဇတ်လမ်းတစ်ခုလုံးမှာလည်း ရှေ့ကို ဘာဆက်ဖြစ်မယ်ဆိုတာ
မှန်းလို့မရအောင် ဇတ်ကားက အချိုးအကွေ့ တွေ Twist တွေအများအပြားကို ကြည့်ရမှာပါ။
နှစ်ကြိမ်တိုင်တိုင်လုပ်ကြံခံရပြီးတဲ့ နောက်မှာတော့ ရာဗီးဟာ
ဝန်ကြီးချုပ် သက်တော်စောင့်အဖြစ်ရွေးချယ်ခံရပါတယ်။
ကတ်ရှမီးယား ရေကြီးဒေသတွေကို သွားရောက်ကယ်ဆယ်ရေး
ပြုလုပ်နေတုန်း ဝန်ကြီးချုပ် လုပ်ကြံခံလိုက်ရတဲ့ အခါမှာတော့
ရာဗီးတစ်ယောက် ရာထူးကနေ ရပ်ဆိုင်းခံလိုက်ရပါတယ် ..
လုပ်ကြံတဲ့သူကကော ဘယ်သူလဲ ?
ရာဗီးကကော ဖော်ထုတ်နိုင်မှာလား ?
အကြမ်းဖက်သမားတွေကကော ဘယ်လိုတွေ ထပ်မံတိုက်ခိုက်မှာလဲ
ဆိုတာကို ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုရမှာပါ။

0 comments:
Post a Comment