Ittefaq (2017)


Rating : 7.2/10
Country : India 
Genre :  Mystery, Thriller
Cast :  Sidharth Malhotra, Sonakshi Sinha, Akshaye Khanna
Released Date : 2017
Duration : 1h 45min

အညွှန်း

IMDB: 7.5/10

အိန္ဒိယနိုင်ငံမွန်ဘိုင်းမြို့မှာ မိုးတွေသည်းနေပါတယ်…မိုးရေထဲမှာပဲ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုနှစ်ခု…ဗစ်ကရမ်စီသီးဟာ ယူကေနိုင်ငံမှာ လူကြိုက်များတဲ့ ဝတ္ထုရေးဆရာတစ်ယောက်ပါ… သူဟာ ကတ်သရင်းဆိုတဲ့ foreigner အမျိုးသမီးနဲ့ အိမ်ထောင်တစ်ခုတည်ထောင်ခဲ့ပါတယ်… တစ်နေ့ သူပြန်လာတဲ့အချိန်မှာတော့ ကတ်သရင်း သေဆုံးနေခဲ့ပါတယ်… ချက်ချင်းပဲ သူရဲကိုဖုန်းဆက်တယ်… ရဲတွေက သူသတ်တယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်…ဗစ်ကရမ်ဟာ ကြောက်ကြောက်လန့်လန့်နဲ့ ခြေဦးတည့်ရာကားမောင်းပြေးပါတော့တယ်…. ကားအရှိန်လွန်ပြီး တိမ်းမှောက်ခဲ့ပါတယ်… ဒဏ်ရာတွေနဲ့ ဗစ်ကရမ်ဟာ နီးစပ်ရာ အိမ်ထဲဝင်ပြီး အိမ်ပိုင်ရှင် မာယာဆိုတဲ့အမျိုးသမီးကို အကူအညီတောင်းခဲ့ပါတယ်… ဒီကူညီပေးတဲ့အိမ်မှာလဲ လူသတ်မှုဖြစ်နေခဲ့ပါတယ်… မာယာခင်ပွန်းဖြစ်သူ ရှက်ကာ ဆိုတဲ့ သူသေဆုံးနေတာပါ… ဗစ်ကရမ်အမှုကို မွန်ဘိုင်းထိပ်တန်းစုံထောက် ဒေ့ဗ် တာဝန်ယူရပါတယ်… ဒေ့ဗ်ဟာ မာယာနဲ့ ဗစ်ကရမ်ရဲ့ ထွက်ဆိုချက်များကို နားထောင်ရပါတယ်….ဗစ်ကရမ်ထွက်ဆိုချက်

================ကျွန်တော် အိမ်ပြန်ရောက်တော့ ကတ်သရင်း အသက်မရှိတော့ပါဘူး…ကျွန်တော်ရဲကို ချက်ချင်းအကြောင်းကြားခဲ့တယ်..ဒါပေမဲ့ရဲတွေက ကျွန်တော့်ကို မိန်းမကို သတ်တယ် ရဲစခန်းလိုက်ခဲ့ဖို့ ခြိမ်းခြောက်ကြတယ်..ကျွန်တော်လဲ ကြောက်လန့်ပြီးထွက်ပြေးမိတယ်… ကျွန်တော် အိမ်တစ်အိမ်ကို အကူအညီတောင်းခဲ့တယ်..မာယာဆိုတဲ့အမျိုးသမီးကူညီပေးတယ်… သူ့ယောကျာ်းပြန်မရောက်သေးဘူးတဲ့..သူက အတော်ကူညီပေးရှာပါတယ်… ကျွန်တော့်ဒဏ်ရာကိုဆေးထည့်ပေးတယ်…သောက်စရာပေးတယ်… အဲ့အချိန်သူ့ခင်ပွန်းရှက်ကာ ရောက်လာတယ်...ရှက်ကာက ရှေ့နေတစ်ယောက်တဲ့ ကျွန်တော့်ကိုကူညီပေးနိုင်တယ်လို့ မာယာပြောခဲ့တယ်…ခဏကြာတော့ ကျွန်တော်ဘာဖြစ်သွားမှန်းမသိ…မေ့လဲသွားတယ်… ကျွန်တော်နိုးလာတော့ ရှက်ကာအလောင်းကိုတွေ့တယ်…မာယာထွက်ဆိုချက်

===============ကျွန်မ တံခါးဘဲလ်တီးသံကြားလိုက်တယ်… ဖွင့်ကြည့်တော့ တစ်ယောက်မှမရှိဘူး… တံခါးပြန်ပိတ်မယ့်အချိန်မှာပဲ လူတစ်ယောက် ကျွန်မကို အတင်းဖမ်းထားတယ်… ကျွန်မလဲ ကြောက်လန့်ခဲ့တယ်… သူက ကျွန်မ အိမ်မှာဘယ်သူရှိလဲမေးတယ်…ဓားနဲ့ခြိမ်းခြောက်တယ်…အဲ့အချိန်မှာ ရှက်ကာအလုပ်က ပြန်လာတယ်…ရုန်းရင်းဆန်ခတ်ဖြစ်ကြတယ်… ရှက်ကာနဲ့အဲ့လူလုံးထွေးနေတဲ့အချိန်မှာ ကျွန်မ ရဲကားအသံကြားတော့ အောက်ပြေးဆင်းပြီး အကူအညီတောင်းခဲ့တယ်…ကျွန်မပြန်ရောက်တဲ့အချိန်မှာ ရှက်ကာ အသက်မရှိတော့ဘူး….ဒေ့ဗ်ဟာ ထွက်ဆိုချက်နှစ်မျိုးလုံးကို နားထောင်ပြီး ဝေခွဲမရဖြစ်ခဲ့ပါတယ်… ဗစ်ကရမ်က ထွက်ပြေးပြီး မာယာအိမ်မှာ မေ့လဲသွားတာလား….

မာယာက သူ့ခင်ပွန်းကို သူကိုယ်တိုင်သတ်တာလား…ဗစ်ကရမ်က အပြစ်မရှိဘဲခံလိုက်ရတာလား… ကတ်သရင်းသေဆုံးမှုကကော ဖြစ်ရိုးဖြစ်စဉ်လို သေဆုံးမှုဟုတ်ရဲ့လား ဆိုတာကို… ပဟေဠိဆန်ဆန် ဖြေရှင်းချက် သုံးသပ်ချက်များနဲ့ ရိုက်ကူးထားပါတယ်… ပရိတ်သတ်ကလဲ ဘယ်သူက လူသတ်တရားခံလဲဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမှာဖြစ်တဲ့အတွက် လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားတစ်ကားပါ…


 

0 comments:

Post a Comment