Imaikkaa Nodigal (2018)


Rating : 7.4/10
Country : India 
Genre :   Action, Crime, Drama
Cast :   Nayanthara, Atharvaa Murali, Anurag Kashyap
Released Date : 2018
Duration : 2h 50min

 

အညွှန်း



ရဲနဲ့ ရာဇဝတ်​​ကောင်နဲ့ကြား ဉာဏ်​ကစားတဲ့


စုံ​ထောက်​ကား​ကောင်​းကြိုက်​သူ ပရိတ်​သတ်​​တွေအတွက်​


ဂျင်​းမဟုတ်​တဲ့ အမှန်​အကန်ကားပါ plot twist ​တွေ


အများကြီးနဲ့ကြည်​့​နေရင်​း ဟာ​တွေ ဟင်​​တွေ ဟုတ်​တယ်​ဟတွေ


ဘာ​တွေ ညာ​တွေ ဖြစ်​ကုန်​မယ်​ ဒီဇာတ်​လမ်​း ဟာ


ဖြစ်​ရပ်​နှစ်​ခုကို အ​ခြေခံထားပါတယ်​


ရူဒရာဆိုတဲ့ လူသတ်​သမားဟာ လူသုံး​ယောက်​ကိုပြန်​​ပေးဆွဲတယ်​


​ငွေသန်​း၂၀ ဆီ​တောင်​းပြီး ​ငွေရပြီးတာနဲ့ ပြန်​​ပေးဆွဲခံထားရသူ​တွေကို


​သွေး​ကြော​တွေဖြတ်​ ​သွေးထွက်​လွန်​ပြီး ​သေ​အောင်​သတ်​တယ်​


အ​လောင်​း​တွေကို မိဘ​တွေဆီပြန်​ပို့ ခဲ့ပါတယ် ​


ဒီအမှုကို အန်​ဂျလီ လို့​ခေါ်တဲ့ CBI အရာရှိတစ်​​ယောက်​က​ဖော်​ထုတ်​ခဲ့ပြီး


ရူဒရာကို အ​သေပစ်​ခတ်​ ဖမ်​းဆီးနိုင်​ခဲ့ပါတယ်​


ဒါကတစ်​ပိုင်​း ဒီလိုနဲ့​နောက်​ ငါးနှစ်​ကြာတဲ့အခါ ရူဒရာ


နံမည်​ နဲ့ပုံစံတူ လူသတ်​မှု​တွေ ထပ်​ဖြစ်​လာပြန်​ပါတယ်


ဒီအခါမှာလည်​း အန်​ဂျလီ ဦး​ဆောင်​ပြီး ရူဒရာ ဆိုသူကို


ဖမ်​းဖို့ကြိုးစားခဲ့​ပေမယ်​့ ဒီတစ်​​ခေါက်​ ရူဒရာ ဟာ​အရမ်​းဉာဏ်​​​များပြီး


​စေ့စပ်​​​သေချာလွန်​းတဲ့အစီအစဉ်​​တွေ​ကြောင့်​


ဖမ်​းဖို့ကြိုးစားတိုင်​း ရဲ​တွေ အရူးလုပ်​ခံရပြီး


မီဒီယာ​တွေ​ရှေ့မှာ အရှက်​ကွဲရပါ​တော့တယ်​


ဒီလို ဉာဏ်​များလွန်​းတဲ့ ရူဒရာ ကို ဘယ်​လိုဖမ်​းမလဲ


ရူဒရာက ရဲ​တွေကိုဘယ်​လိုတစ်​ပါတ်​ရိုက်​​လဲ


ရူဒရာဆိုတာ.ဘယ်​သူလဲ လွန်​ခဲ့တဲ့ ငါးနှစ်​က ရူူဒရာ နဲ့


အတူတူပဲလား ဆိုတာ​တွေကို


ဒီဇာတ်​ကားထဲမှာ စိတ်​ဝင်​စားဖွယ်ကြည်​့ရမှာပါ


...................................................................


ဇာတ်​လမ်​းက BBC Sherlock ရဲ့


Reichenbach Falls နဲ့ နဲနဲ


ဆင်​တာ​လေး​တွေရှိတယ်​


(​ကော်​ပီလို့​ပြောတာမဟုုတ်​ မတူပါ)


ပြီး​တော့ မှာချင်​တာက သီချင်​းသံကြားတာနဲ့ ရစ်​တာမျိုး


မလုပ်​ပါနဲ့ သီချင်​းတိုတို​လေး​တွေပါ


ကြားထဲကအ​ရေးကြီးတဲ့


ဇာတ်​ကွက်​​လေး​တွေ လွတ်​သွားမှာစိုးလို့ပါ 

 

0 comments:

Post a Comment