နိုင်ငံခြားမှာ ဖလင်ပညာသင်ယူနေတဲ့ Minnie Basu တယောက် သူ့အဖေ အာဖဂန်ကို အသွားမှာ လေယာဉ်ပျက်ကျပြီး ဆုံးသွားတဲ့အတွက် ပြန်လာခဲ့ရပါတယ်။ သူပြန်ရောက်တဲ့အချိန်မှာ သူ့အဖေ အုပ်ထိန်းသူအဖြစ် လျှောက်ခဲ့တဲ့ အသက် ၇၀ မနာမကျန်း အဘိုးကြီးတယောက် အိမ်ကို ရောက်နေတာ တွေ့လိုက်ရပါတယ်။ သူသိလိုက်ရတာက အဲဒီအဘိုးကြီးက လူသတ်မှုနဲ့ ထောင်ကျနေခဲ့တဲ့သူပါ။ Minne တစ်ယောက်မုန်းလည်း မုန်း သံယဝင်နေခဲ့ရကနေ တစ်နေ့ သူသိလိုက်ရတာက အဲဒီအဘိုးကြီးက သူငယ်ငယ်တုန်းက အရမ်းခင်ခဲ့တဲ့ ဘိုင်စကုပ်ပြစားတဲ့လူကြီး Rehmt ဆိုသူပါပဲ။ အဲဒီအချိန်မှာတော့ သူဟာလူသတ်မယ့်သူမျိုး မဟုတ်ကြောင်း minnie က သိနေတော့ ဘာလို့ ထောင်ကျခဲ့ရလည်း ဆိုတာ လိုက်စုံစမ်းခဲ့တယ်။ Rehmt ဟာ သူတပါးအတွက် အနစ်နာခံခဲ့တာကို သိလိုက်ရတဲ့ Minnie တယောက် သူ့ရဲ့နောက်ဆုံး အချိန်လေးအတွက် ဘာလုပ်ပေးရမလဲ တွေးပါတော့တယ်။ သူ့အဖေကရော ဘာလို့ အာဖဂန်ကို သွားခဲ့တာလည်း စုံစမ်းရင်း Rehmt ရဲ့ သမီးကို သွားရှာတာဆိုတယ့်အ့ဖြစ်မှန်ကို သိလိုက်ရတဲ့ minnie တယောက် rehmt အတွက် အကောင်းဆုံး လုပ်ပေးမယ့် ရည်ရွယ်ချက်နဲ့ သူလည်း အာဖဂန်ကို ထွက်လာခဲ့တယ်။ minne တယောက် rehmt အတွက် သူ့သမီးကို ရှာပေးနိုင်မှာလား။ တစ်ဘဝလုံး စိတ်ထားကောင်းမွန်စွာနေလာပေမယ့် ကံဆိုးတယ့် rehmt ကရော နောက်ဆုံးအချိန်လေးကို ပျော်ပျော်ရွင်ရွင် ဖြတ်သန်းရမလားဆိုတာ ဒီကားထဲမှာ ကြည့်ရှုရမှာပါ။
0 comments:
Post a Comment