Anaarkali of Aarah (2017)

 



Rating : 6.1/10
Country : India 
Genre :   Drama 
Cast :  Pankaj Tripathi, Swara Bhaskar, Sanjay Mishra
Released Date : 2017
Duration :  1h 53min

အညွှန်း

Bollywood ရုပ်ရှင်လောကမှာ နာမည်ကြီး သရုပ်ဆောင်တွေ အလှိုင်လှိုင်နဲ့ တခမ်းတနားတင်ဆက် ရိုက်းကူးတင်ဆက်ထားတဲ့ ဇာတ်ကားတွေရှိသလိုနာမည်သိပ်မကြီး ဇာတ်ပို့ဇာတ်ရံအဆင့်သာသာပဲရှိတဲ့ သရုပ်ဆောင်အများစုနဲ့ ကုန်ကျစရိတ်နည်းနည်းသာ အကုန်ခံပြီး တင်ဆက်ထားတဲ့ ဇာတ်ကားတွေလည်း ရှိပါတယ်။အဲဒါကြောင့်ပဲ ရုပ်ရှင်ကားကောင်းတကားဖြစ်ဖို့ဆိုတာကုန်ကျစရိတ်တွေအများကြီးမလိုဘူးနည်းပညာအကူအညီမလိုဘူးလူအင်အားအများကြီးမလိုဘူး ဇာတ်လမ်း ဇာတ်ညွှန်းကောင်းကောင်းနဲ့ စေတနာပါဖို့ပဲလိုပါတယ်ဒီလိုကားတွေက သက်သေပါပဲဘာနာမည်ကြီး သရုပ်ဆောင်မှမပါဘဲစရိတ်နည်းနည်းနဲ့ ကားကောင်းတစ်ကား ဖြစ်ကြောင်း ပြသနိုင်ခဲ့ပါတယ်ဇာတ်လမ်းကို ပြောရမယ်ဆိုရင် အာရာက ကချေသည်မလေး အနာကလီရဲ့အကြောင်းပါပဲ

ကချေသည်ဆိုတာ သူတို့အိန္ဒိယမှာ ဘယ်လိုသတ်မှတ်သလဲဆိုရင် ပြည့်တန်ဆာနဲ့ ထူးမခြားနားပါပဲသူတို့ဖျော်ဖြေတဲ့သီချင်းတွေက လိင်စိတ်ကြွအောင် အသားပေးထားပြီး လာအားပေးကြတဲ့သူတွေကလည်း မူးမူးရူးရူးနဲ့ အော်ဟစ်ကခုန်နေကြတဲ့သူတွေပါပဲဘောက်ဆူးချသလိုိနဲ့ ဟိုနှိုက်၊ ဒီဆွဲနဲ့ အဲဒီဒဏ်တွေကိုလည်း ခံရပါတယ်တနေ့တော့ ရဲစခန်းတစ်ခုမှာ ကပြဖျော်ဖြေတဲ့ပွဲမှာ ပွဲလာအားပေးတဲ့ VIPလို့ပြောလို့ရသူ ခရိုနီဘဲတပွေက မူးရူးနဲ့စင်ပေါ်တက်ပြီး အတင်းအဓ္ဓမဆွဲလားရမ်းလား လုပ်ပါတယ်လူအများရှေ့မှာဆိုတော့ အနာကလီကလည်း ငြိမ်မနေဘဲ အဲဒီဘဲကို ပါးပြန်ချလိုက်ပါတယ်အဲဒီအချိန်မှာ ပြသနာပေါင်းစုုံစ,တတ်တော့တာပါပဲအနာကလီတစ်ယောက် ဘာတွေ ဆက်ဖြစ်မလဲဒီဘဲကရောဘယ်သူလဲ ဆိုတာကို …

0 comments:

Post a Comment