ဒီကားလေးကတော့စိတ်ကူးယဥ်ဆန်ဆန်အာကာသသိပ္ပံဇာတ်လမ်းတွေကြိုက်နှစ်သက်တဲ့သူတွေအကြိုက်တွေ့မယ့်ဇာတ်ကားကောင်းလေးတစ်ကားပါအာကာသစခန်းဖြစ်တဲ့ပန်ဂျေမှာ၁၀နှစ်တာဝန်ထမ်းဆောင်ဖို့
USကနေဂျွန်ရေမွန်လိမ်ရယ်ဂျက်ကီမီလာရယ် ရစ်ချက်ဗယ်လင်ရယ်လီဆာဘရောင်းရယ်သူတို့လေးယောက်ကိုစေလွှတ်ခဲ့ကြတယ်ပန်ဂျေစခန်းဟာ ကမ္ဘာကနေ ယူရိုပါ ကိုသွားတဲ့အင်ဂျင်နီယာတွေအတွက်လောင်စာဆီဖြည့်ပေးရတဲ့စခန်းတစ်ခုဖြစ်တယ်တာဝန်ထမ်းဆောင်ရင်းနှစ်တွေကြာလာတဲ့အခါမှာကပ္ပတိန်ဂျွန်က ညဘက်အိပ်ရင်းယောင်တတ်တဲ့ဝေဒနာကိုခံစားခဲ့တယ် ဒေါက်တာရစ်ချက်က သူ့ကိုကုသပေးခဲ့တယ်၅နှစ်လောက်ကြာတဲ့အခါမှာတော့ဂျက်ကီဟာကမ္ဘာမြေမှာကျန်ခဲ့သူ့မသမီးလေးနဲ့ဆက်သွယ်မှုပြတ်တောက်သွားခဲ့တယ်ကမ္ဘာမြေကြီးဟာ လူသားတွေမျိုးသုဥ်းပျောက်ကွယ်မယ့်အခြေအနေတစ်ခုကို ကြုံခဲ့ရပြီးတော့နောက်ဆုံးကျန်ရစ်ခဲ့တဲ့သူတွေဟာ သူတို့လေးယောက်ပဲလားသူတို့လေးယောက်ဒီအဖြစ်အပျက်ကြီးကိုကြုံတွေ့လိုက်ရတဲ့အတွက်နောက်ပိုင်းမှာဘယ်လိုတွေpsychoတွေဖောက်သွားမလဲနောက်ထပ်အသက်ရှင်ကျန်ခဲ့တဲ့သူတွေရှိဦးမလားနောက်ပိုင်းမှာဘယ်လိုတွေဆက်ဖြစ်သွားမလဲဆိုတာ စိတ်ဝင်စားစရာကြည့်ရှု့ရမှာပါ
0 comments:
Post a Comment