Rating တွေကြည့်ရုံနဲ့ဒီကားက စူးစမ်းချင်စရာပါပဲ….Best Foreign Language Film အော်စကာဆုလည်းရထားပါတယ်.အခြားဆု ၂၈ဆုလည်းရထားပါတယ်…ကျွန်တော်ဟာ အစ္စလမ်ဘာသာရဲ့ အယူအဆတွေဓလေ့ထုံတမ်းတွေကိုမသိပါဘူး….ဒီကားမှပြသထားတာတွေကိုမြင်သလောက်လေးပြောပြချင်ပါတယ်…Timbuktuဆိုတာ သူတို့ဘုရားကျောင်းရဲ့နာမည်ပါ….နောက်တစ်ခုက ဂျီဟတ်…ဂျီဟတ်ဆိုတာ တခြားဘာသာတွေအပေါ်လွှမ်းမိုးသိမ်းပိုက်ခြင်းလို့လက်နက်ကိုင်အဖွဲ့အစည်းကဆိုပါတယ် ဒီကားထဲမှာတော့ သူတို့ဘုရားကျောင်းက ဆရာတော်က လက်နက်ကိုင်အဖွဲ့ကို ဂျီဟတ်က မိမိကိုယ်ထဲမှာပဲလုပ်ရတာလို့ပြောတယ်…..နောက်ပြီးတော့ဒီကားရဲ့ plotတွေ ဒိုင်ယာလော့တွေ ပေးချင်တဲ့ messageတွေကိုပြောဖို့ခက်လှတယ် စကားလုံးတိုင်း အခန်းတစ်ခန်းတိုင်းမှာ တွေးလို့ကောင်းတဲ့အရာတွေပြည့်နှက်နေတယ်…လက်နက်ကိုင်ကြီးစိုးသူတွေကတော့ ဘောလုံးသမား မက်စီ ကမ္ဘာ့့ဖလားအကြောင်းတွေပြောနေပေမယ့် ဘောလုံးကန်တဲ့အရပ်သားကလေးငယ်တွေမှာတော့ ကြီးစွာသောစည်းကမ်းချိုးဖောက်သူဖြစ်ပြီးအပြစ်ပေးခံရတယ်…အကြမ်းဖျင်းပြောလို့ရတာကတော့ အရပ်သားတွေပါတယ်..အဆော့မက်တဲ့ကလေးတွေ…ရိုးသားစွာနွားမွေးအသက်မွေးဝမ်းကြောင်းပြုနေတဲ့မိသားစုတစ်စုပါတယ်….လက်နက်ကိုင်အဖွဲ့အစည်းပါတယ်…ဒီကားက တော်ရုံလူကြိုက်ကြမှာမဟုတ်လို့ ဒေါင်းခါနီးစဉ်းစားကြပါ…ကျွန်တော့လိုခပ်ကြောင်ကြောင်လူတွေတော့ကြိုက်မယ်ထင်တယ်….
0 comments:
Post a Comment