The Ninth (2019)


 

Rating : 5.2/10
Country : United State
Genre : Adventure, Crime, Mystery
Cast : Evgeniy Tsyganov, Daisy Head, Dmitriy Lysenkov 
Released Date : 2019
Duration : 1h 39min

အညွှန်း
သဘာဝလွန်ကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ မှုခင်းဖြစ်ရပ်တွေနဲ့အတူနဲ့ ဆန်းကြယ်တဲ့ မှော်ဖြစ်ရပ်တွေကိုပါ ခံစားရမှာပါနော်။

အိုလီဗီယာရိဒ်ဆိုတဲ့အမျိုးသမီးဟာ ဝိဉာဉ်ခေါ်နိုင်စွမ်းရှိတဲ့သူပါ။ တိတိကျကျပြောရရင် သေသွားတဲ့ သူတွေရဲ့ မှတ်ဉာဏ်တွေကို ပြန်ခေါ်နိုင်စွမ်းရှိသူပါ။ သူမဟာ ပွဲတွေလုပ်ပြီး..သေသွားတဲ့သူတွေကို ခဏတာပဲဖြစ်ဖြစ် မြင်တွေ့ချင်တဲ့ သူတွေ လာလေ့ရှိကြပါတယ်။

သူမပွဲလုပ်နေတဲ့ မြို့လေးမှာ ကွင်းဆက်လူသတ်မှုတွေ ဆက်တိုက်ဖြစ်လာပြီး သေဆုံးသူတွေက မိန်းမချောလေးတွေဖြစ်ပါတယ်။ လူသတ်သမားချန်ထားခဲ့တဲ့ သင်္ကေတဟာ ရိဒ်ရဲ့ ကာကွယ်ရေးသင်္ကေတနဲ့ ဆင်တူနေတဲ့အချိန်မှာတော့ စုံထောက် ရော့စတို့ဗ်ဟာ သူမဆီကို ရောက်လာပါတော့တယ်။

သူမရဲ့ အကူအညီနဲ့ လူသတ်သမားကိုရှာနိုင်မလား..တကယ်ပဲ စုံထောက်တွေထင်သလို သူမကပဲ လူသတ်မှုတွေရဲ့ လက်သည်လား..ဒါမှမဟုတ် ဒီလူသတ်မှုတွေရဲ့နောက်ကွယ်မှာ ဒီထပ်ဆန်းကြယ်နက်နဲတဲ့ အဖြစ်တွေရှိနေဦးမလားဆိုတာတော့ ဆက်လက်ကြည့်ရှုပေးကြပါဦး

0 comments:

Post a Comment