Son Of Satyamurthy (2015)



Rating : 6.9/10
Country : India 
Genre :   Action, Drama
Cast :   Allu Arjun, Samantha Ruth Prabhu, Adah Sharma
Released Date : 2014
Duration :   2h 42min 




အညွှန်း

Son of Satyamuthy ဆိုတဲ့ အိန်ဒိယကားလေးဟာ မိသားစု ဒရာမာ ကားလေးတစျကားပါပဲ




အဲ့အချိန်မှာပဲ သူ့အဖေရဲ့ စီးပွားရေးပြိုင်ဖက် တစ်ယောက်ဖြစ်တဲ့ မိုဟန်ကူးမားမစ်ရှရားဟာ ဘန်နီ့အဖေပိုင်တဲ့ ကုမ္ပဏီရဲ့ ရှယ်ယာတွေကိုရောင်းပြီး အကြွေးဆပ်ဖို့အကြံပေးခဲ့ပါတယ်။

အဲ့ဒီအကြံကို ဘန်နီက ဘက်ကန်ပြီး သူ့တို့နေတဲ့ အိမ်နဲ့ လက်ဝတ်လက်စားတွေကိုရောင်းပြီးအကြွေးဆပ်ခဲ့ပါတယ်။ အဲ့တော့ စီးပွားရေးချွတ်ခြုံကျသွားတဲ့အတွက်

ဘန်နီရဲ့အစ်ကို ဟာ မခံစားနိုင်ပဲ ရူးသွားပါတော့တယ်။အဲ့တော့ ဘန်နီတို့တစ်မိသားစုလုံး အိမ်ပြောင်းရပါတော့တယ်။ တစ်ချိန်ထဲမှာပဲ သူ့အစ်ကိုရဲ့သမီးဖြစ်တဲ့

ဘန်နီရဲ့တူမလေး ရဲ့ကျောင်းစရိတ်အတွက် ဘန််နီတစ်ယောက်ခေါင်းကိုက်လာပါတော့တယ်။ အဲ့အချိန်မှာ မင်္ဂလာပွဲတွေကို စီစဉ်ပေးတဲ့အလုပ်ကို မထင်မှတ်ပဲ အလုပ်ရခဲ့တယ်။

အဲ့ဒီအလုပ်လုပ်ရင်းနဲ့ပဲ အမှတ်မထင် ဆမ်မီရာ ဆိုတဲ့ ကောင်မလေးကိုတွေ့ပြီး ချစ်မိသွားတော့တယ်။ သူတို့နှစ်ယောက်ချစ်သူတွေဖြစ်ကြတော့ ကောင်မလေးကဘန်နီ့ကို

သူ့အိမ်ကိုလာပြီး မိဘတွေဆီ လာတောင်းရမ်းခိုင်းခဲ့တယ်။ ဘန်နီမသိခဲ့တာက ဆမ်မီရာ ရဲ့ အဖေဆိုတာက ဘန်နီ ဘက်ကန်ခဲ့တဲ့ သူ့အဖေရဲ့ စီးပွားရေးပြိုင်ဖက်တစ်ယောက်ဖြစ်နေတာကိုပဲ။

ဆမ်မီရာ ရဲ့အဖေ မိုဟန်နဲ့ ဘန်နီနဲ့ စကားတွေ အခြေအတင်ပြောကြရင်း မိုဟန်က သူ့သမီးနဲ့ လက်ထပ်ချင်ရင်စိန်ခေါ်မှုတစ်ခုကို လက်ခံဖို့ပြောခဲ့တယ်။ အဲ့စိန်ခေါ်မှုကတော့

ဘန်နီအဖေမသေခင်က မိုဟန်နဲ့ ဘန်နီ့အဖေ လုပ်ခဲ့တဲ့ မြေအရောင်းအဝယ်စာချုပ်ပဲဖြစ်ပါတယ်။ အဲ့ဒီစာချုပ်ကို ဘန်နီ့အဖေက မိုဟန်ဆီကိုရောင်းခဲ့ပေမယ်လဲ

မိုဟန်တစ်ယောက်အဲ့မြေကွက်ကို မပိုင်ဆိုင်ဘူးဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ အဲ့မြေကွက်ကို လူမိုက်တစ်ယောက်က တရားမဝင်အပိုင်စီးထားလို့ပဲဖြစ်ပါတယ်။အဲ့ဒီလူမိုက်ကလဲ

ရွာတွေကို အပိုင်စားထားတဲ့ ဒိတ်ဒိတ််ကြဲလူမိုက်တစ်ယောက်ဖြစ်နေတယ်။ အဲ့တော့ မိုဟန်က ဘန်နီကို အဲ့လူမိုက်ဆီသွားပြီးတော့ သူပိုင်တဲ့မြေကွက်ရဲ့စာချုပ်အစစ်အမှန်ကို သွားယူခိုင်းပါတော့တယ်။

အဲ့တော့ ဘန်နီတစ်ယောက် ဆမ်မီရာနဲ့နီးဖို့ အဲ့ဒီလူမိုက်နဲ့ ထိပ်တိုက်တွေ့ရပါတော့မယ်။ ဒီဇာတ်ကားမှာ အဓိက ဇာတ်ဆောင်ကတော့ ဘန်နီ(Allu Arjun),ဆမ်မီရာ(Samantha Akkineni),မိုဟန်(Rajendra Prasad) တို့က

အဓိကသရုပ်ဆောင်ထားပြီး ဟာသမင်းသားကြီးတွေဖြစ်တဲ့ ပါရမ်(Ali) နဲ့ ကိုဒါရမ့်(Brahmanandam) နှစ်ယောက်နဲ့ ပါဝင်အားဖြည့်ထားတဲ့အတွက်

ပရိတ်သတ်တွေ ပါးစပ်ပိတ်ရမယ်မထင်ဘူးနော်။ အဲ့တော့ ဇာတ်လမ်းပြီးတဲ့အထိ ပရိတ်သတ်တွေကို ရယ်လဲရယ်ရ ငိုလဲငိုရအောင် လုပ်နိုင်တဲ့ဇာတ်ကားတစ်ကားဆိုလဲမမှားနော်။

အဲ့တော့ အိန္ဒိယ ဇာတ်ကား crazy ဖြစ်တဲ့သူတွေအတွက်တော့ လက်မလွှတ်သင့်တဲ့ကားလေးတစ်ကားပဲဖြစ်ပါတယ်။



 

0 comments:

Post a Comment