Secret Superstar (2017)


Rating : 7.9/10
Country : India 
Genre : Drama, Music 
Cast :  Zaira Wasim, Meher Vij, Raj Arjun
Released Date : 2017
Duration :  2h 30min

အညွှန်း

အဆိုတော်တစ်ယောက်ဖြစ် ချင်တဲ့ (၁၄)နှစ်အရွယ် မွတ်စလင်မိန်းကလေးတစ်ယောက်အ ကြောင်းကို ဇာတ်အိမ်တည်ထား ပြီး Aamir Khan၊ Zaira Wasim၊Meher Vij၊ Raj Arjun စတဲ့ သရုပ်ဆောင်တွေ အဓိကပါဝင် ထားတာပါ။

အထက်တန်းကျောင်းသူလေးအင်ဆူဟာ စည်းကမ်းတင်းကျပ်လွန်းပြီး အကြင်နာတရားမရှိ တဲ့ ဖခင်ရဲ့ အုပ်ထိန်းမှုအောက် မှာ နေရသူဖြစ်ပြီး သမီးကြီးဆိုပေ မယ့်လို့ မိန်းကလေးတွေကို ဖိနှိပ်တဲ့ အသိုင်းအဝိုင်းကဖြစ်တဲ့အ တွက် မျက်နှာသာအပေးမခံရပါ ဘူး။

သီချင်းဆိုဝါသနာပါပြီး အ ဆိုတစ်ယောက်ဖြစ်ချင်တဲ့ အင် ဆူရဲ့စိတ်ကူးအိပ်မက်ကို သူ့အမေက နားလည်သဘောပေါက်ပြီး သီချင်းတွေနဲ့ ထိတွေ့ခွင့်ပြုပေမယ့်လို့ သူ့အဖေသိသွားတဲ့အခါ မှာ ဆူဟောက်မာန်မဲခံရသလို အင်ဆူရဲ့ ဂစ်တာလေးပါ ဖျက်ဆီးခံရပြီး သီချင်းဆိုဖို့ကိုလည်း တား မြစ်ပိတ်ပင်ခံရပါတော့တယ်။

အဆိုဝါသနာရှင်လေး အင် ဆူဟာ သူ့အဖေဘယ်လောက်ပဲ မာန်မဲရိုက်နှက်ပါစေ သူ့အိပ်မက် ကို အကောင်အထည်ဖော်ဖို့ လုံးဝလက်မလျှော့ခဲ့ပါဘူး။ အိမ်ကနေ မွမ်ဘိုင်းကို တိတ်တဆိတ်ထွက် ခွာပြီး အောင်မြင်နေတဲ့ တေးရေး ဆရာ အဆိုတော်ရှက်တီကူးမားနဲ့ တွေ့ပြီး သူ့အိပ်မက်တက် ပိုပြီးအကောင်အထည်ဖော်ကာ အိမ် မှာ ညှဉ်းပန်းနှိပ်စက်ခံနေရတဲ့ သူ့အမေနဲ့မောင်လေးကို ကယ်ထုတ် နိုင်ဖို့ စိတ်ကူးထားတာပါ။

သူ့အဖေက မြို့ပြင်မှာအ လုပ်ထွက်လုပ်တဲ့အတွက် တစ် ပတ်မှာ တစ်ရက်လောက်ပဲ အိမ်ပြန်လာနိုင်တဲ့ အခြေအနေကို အင်ဆူတစ်ယောက် ကောင်းကောင်း အသုံးချပြီး အဆိုပြိုင်ပွဲဝင်ဖို့ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့အဖေသိ သွားပြီး လုံးဝခွင့်မပြုခဲ့ပါဘူး။

ဒါပေမဲ့လည်း ဇွဲမလျှော့တဲ့ အင်ဆူဟာ သီချင်းဆိုနေတဲ့ဂီတ ဗီဒီယိုတစ်ခုကို Youtube မှာတင် တဲ့အခါမှာ ဝင်ကြည့်တဲ့သူတွေ ညတွင်းချင်းတက်လာသလို သူ တွေ့ချင်နေတဲ့ တေးရေးဆရာ၊ အဆိုတော် ရှက်တီကူးမားက လည်း အင်ဆူကို သတိထားမိ သွားပါတော့တယ်။

ဖိနှိပ်ခံ အင်ဆူတစ်ယောက် အတားအဆီးတွေ၊ အခက်အခဲ တွေ၊ အတိုက်အခံတွေကြားက သူဖြစ်ချင်တဲ့ အဆိုတော်တစ် ယောက်ဖြစ်ခွင့်ရမှာလားဆိုတာ တော့.... ။


 

0 comments:

Post a Comment