ပျော်စရာတွေ ဝမ်းနည်းစရာတွေ
လူ ့သဘာနဲ ့လူသားဆန်မှုကို
သဘာဝကျကျချပြထားတဲ့ ဒီကားလေးဟာ
လက်ရှိရွာသားတွေ ရိုက်တဲ့ကားထက်
ပေါကားမဆန်တဲ့ ဟာသ ဒရမ်မာကား
ဒီကားလေးက
ကျွန်တော့်ကို အူမြူးစေတယ်
ကျွန်တော့်ကို ရယ်မောစေတယ်
ကျွန်တော့်ရဲ ့ဘဝအမောတွေကို ပြေစေတယ်
တစ်ဖန် ဇာတ်လမ်းအလှည့်အပြောင်းမှာ
ကျွန်တော့်ကို မျက်ရည်ကျစေတယ်
မိသားစုရဲ ့အနှစ်သာရနဲ ့ဖခင်တစ်ယောက်
ခင်ပွန်းတစ်ယောက်ရဲ ့ကိုယ်စား
ဝင်ခံစားမိပြီး စိတ်ထိခိုက် ခံစားရစေပြန်တယ်
မင်းသား မင်းသမီးတွေက
နာမည်မကြီးတာရယ်…
ရုပ်တွေက မည်းတူးနေတာရယ်ကြောင့်
တန်းမဝင်သလို စိတ်ထဲမှာ ခံစားနေရသလိုမျိုးလား မသိ
(ရွာသားတွေရိုက်တဲ့ကားလို ့ကျွန်တော်မပြောဘူးနော်)
အစကတော့ မပြန်တော့ဘူး လုပ်နေတာ
ဇာတ်လမ်းရဲ ့အစပိုင်းလေး ခဏကြည့်မိတာ
မျက်ရည်တောင်ကျတယ်(ရယ်ရလို ့)
ဘယ်လိုဖြစ်ပြီး အဆုံးထိကြည့်မိသွားလဲ မသိဘူး
အဆုံးသတ်တော့လည်း ပါးပြင်မှာ မျက်ရည်တွေနဲ ့
(ငိုပြီလေ)….
ဇာတ်လမ်းကိုတော့ မပြောပြတော့ပါဘူး
တစ်နေ ့တာ အတွင်းမှာဖြစ်သွားတဲ့ အဖြစ်အပျက်အကြောင်း ရိုက်ထားတာမို ့
ရေးလိုက်ရင် သုံးကြောင်းလောက်နဲ ့ပြီးသွားလိမ့်မယ်
အိန္ဒိယကားဖန်တွေ အကြိုက်တွေ ့ကြမှာပါ
အားပေးလိုက်ကြပါဦး

0 comments:
Post a Comment