Romance of Their Own (2004)


 

Rating : 6.3/10
Country : Korea
Genre : Action, Drama, Romance 
Cast : Han Sun Jo, Dong-Won Gang, Chung-Ah Lee
Released Date : 2004
Duration : 1h 53min

အညွှန်း
သုံးပွင့်ဆိုင် လူငယ် အချစ်ဇာတ်လမ်းလေးကို ကြည့်ရှုလိုသူများအတွက် ကားကောင်းလေးတစ်ကားပါ ။ဖခင်ကွယ်လွန်သွားတာမို့ တောရွာကနေ ဆိုးလ်ကို နောက်အိမ်ထောင်ပြုထားတဲ့အမေနဲ့ နေဖို့တက်လာခဲ့တဲ့ ကောင်မလေး ဂျောင်ဟန်ဂယောင်းဟာ အမှတ်မထင် ဘတ်စ်ကားပေါ်မှာ ဘတ်ဟေးဝမ်ဆိုတဲ့ ကျောင်းသားနဲ့ တွေ့ဆုံဖြစ်ခဲ့ပါတယ်ဘတ်ဟေးဝမ်ဟာ ကျောင်းမှာ နာမည်ကြီးတဲ့ မိန်းကလေးတွေအသည်းစွဲ playboyတစ်ယောက်ဖြစ်ပေမယ့် ဟန်ဂယောင်းနဲ့တွေ့မှ တကယ်ချစ်မိသွားခဲ့ပါတယ်အဲ့လိုပဲ နောက်ထပ် ကျောင်းမှာ နာမည်ကြားတဲ့ ကောင်ချောလေး ဂျောင်ထယ်ဆောင်းကလည်း ဟန်ဂယောင်းကို ချစ်မိခဲ့ပြန်ပါတယ်
ဒါပေမယ့် ထယ်ဆောင်းကတော့ ဟန်ဂယောင်းရဲ့ အဖေတူအမေကွဲ မောင်လေးဖြစ်နေခဲ့ပြီး အစ်မဖြစ်သူအပေါ် တတ်နိုင်သလောက် ထိန်းထားပေမယ့် ချစ်မိခဲ့တဲ့အခါ…

ဟေးဝမ်နဲ့ ထယ်ဆောင်းတို့်ကြားမှာ ပဋိပက္ခတွေနဲ့အတူ ဟန်ဂယောင်းကို ရဖို့ကြိုးစားကြရင်း ဟန်ဂယောင်းရွေးချယ်မှုနဲ့အတူ တတိယသူက ဘယ်သူဖြစ်သွားမလဲဆိုတာ…လူငယ်ကျောင်းသား ရိုမန့်ကားလေးကို အလွမ်းအဆွေးရသပါ ပေါင်းစပ်ပြီး ခံစားကြည့်ရှုနိုင်မှာပါ ။

0 comments:

Post a Comment