ဒီဇာတ်ကားလေးကတော့ ဆယ်ဗန်ဆိုတဲ့ ဓာတ်ပုံဆရာလေးတစ်ဦး ရန်ပွဲတစ်ခုကို ဝင်ဖြန်ဖြေရင်း
တစ်ဖက်သူရဲ့ ရိုက်နှက်ခြင်းကိုခံလိုက်ရတယ် အဲ့ဒီနောက်ဆယ်ဗန်က သူ့ကို လုပ်သွားသူကို ပြန်မလုပ်နိုင်မချင်း
ဖိနပ်မစီးဘူးဟု သစ္စာဆိုတာက ကွန်ဖူးသင်ပါတော့တယ်။ သူ့ဘက်က အသင့်ဖြစ်ပြီလို့ ယူဆတဲ့အချိန် ပြန်စိန်ခေါ်ဖို့ လုပ်တဲ့အခါမှာတော့
သူ့ရန်ဘက်ဟာ ဒူဘိုင်းမှာ အလုပ်သွားလုပ်နေပါပြီ ။ ဒီတော့ ဆယ်ဗန် တစ်ယောက် ဖိနပ်ဗလာနဲ့ အတော်တိုင်ပတ်ပါတော့တယ်။
အဲ့လိုနဲ့ တစ်နေ့ သူ ကောင်မလေးတစ်ယောက်နဲ့သွားတွေ့တယ်။ အဲ့ဒီကောင်မလေးက သူ့ဆီကို ဓာတ်ပုံရိုက်ဖို့လာတဲ့ကောင်မလေးပါ ကောင်မလေးနာမည်က မာလာတဲ့
မာလာဟာ မဂ္ဂဇင်းတိုက်တစ်ခုရဲ့မျက်နှာဖုံးပိုင်ရှင် ပြိုင်ပွဲဝင်ဖို့ အလှဓာတ်ပုံလာရိုက်တာပါ။ ဒါပေမယ့် ဆယ်ဗန်ဆိုတဲ့ဓာတ်ပုံဆရာက တသက်လုံး ပတ်စ်ပို့ပုံတွေပဲရိုက်ဖူးပြီး
အလှဓာတ်ပုံမရိုက်ဖူးတော့ တိုင်ပတ်ရော အဲ့လိုနဲ့ ကောင်မလေးအတွက် အလှဓာတ်ပုံရိုက်ရင်းနဲ့ ထိုကောင်မလေးနဲ့ ညှိသွားပါလေရော
အဲ့ဒီမှာပဲ ကံကြမ္မာမျက်နှာပေးပုံက ထိုကောင်မလေး မာလာ ဟာ ဆယ်ဗန်ရဲ့ မဟာရန်သူ ဒူဘိုင်းမှာ အလုပ်သွားလုပ်တဲ့ လူမိုက်ရဲ့ ညီမ ဖြစ်နေပါတော့တယ် အဲ့ဒီနောက်ဘာဆက်ဖြစ်မလဲဆိုတာကိုတော့………

0 comments:
Post a Comment