Larry Crowne (2011)


 

Rating : 6.1/10
Country : United State
Genre : Comedy, Drama, Romance 
Cast : Tom Hanks, Julia Roberts, Sarah Mahoney
Released Date : 2011
Duration : 1h 38min

အညွှန်း
Larry Crowne ဟာ အသက် ၄၀ အရွယ်လောက်ရှိတဲ့ လူလတ်ပိုင်းတစ်ယောက်ဖြစ်ပြီး Super Market တစ်ခုကနေ မကြာသေးခင်ကမှ အလုပ်ဖြုတ်ခံထားရတာပါ။ အကြောင်းပြချက်ကတော့ သူဟာ တက္ကသိုလ်မတက်ခဲ့ဘူးလို့ဆိုပါတယ်။ သူဟာ ငယ်စဉ်အရွယ်အရောက်တော့ စစ်တပ်ထဲမှာ cook အဖြစ် အနှစ် ၂၀ လောက် တာဝန်ထမ်းဆောင်ခဲ့လို့ တက္ကသိုလ်မှာဆက်လက်ပညာမသင်ကြားနိုင်ခဲ့ပါဘူး။ထို့ကြောင့်သူဟာ တက္ကသိုလ်မှာ ပညာသင်ကြားဖို့ဆုံးဖြတ်လိုက်ပါတယ်။ သူသင်ကြားရမယ့်ဘာသာရပ်ရဲ့ ဆရာမကတော့ Tainot ပါ။ သူတက္ကသိုလ်မှာ ပညာသင်ကြားရင်းနဲ့ သူ့ဘဝကို ဘယ်လိုပြောင်းလဲပေးမလည်းဆိုတာကို ကြည့်ရှုရမှာပါ။
Larry Crowne အဖြစ် Tom Hanks က ပါဝင်သရုပ်ဆောင်ထားပြီး Tainot အဖြစ် Juli Roberts ကသရုပ်ဆောင်ထားပါတယ်။ မင်းသားကြီး Tom Hanks ကိုယ်တိုင်ရေးသားထားပြီး သူကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပါ။ ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်လို့တော့အဆင်ပြေမှာပါ။ IMDB Ratings: 6.0/10 ရရှိထားပြီး Tom Hanks ပရိတ်သတ်တွေ ကြည့်ထားသင့်တဲ့ ဇာတ်ကားလေးပါ။ ပညာရေးရဲ့ အရေးပါပုံကို ခံစားတွေ့မြင်ရမှာပါ။

0 comments:

Post a Comment