Rating : 7.3/10
Country : United State
Genre : Comedy
Cast : Sacha Baron Cohen, Ken Davitian, Luenell
Released Date : 2006
Duration : 1h 24min
Country : United State
Genre : Comedy
Cast : Sacha Baron Cohen, Ken Davitian, Luenell
Released Date : 2006
Duration : 1h 24min
အညွှန်း
ဘိုရတ်ဆာဒီယက်ဗ်ဟာ ကာဇတ်စတန်နိုင်ငံရဲ့ တီဗွီသတင်းထောက်တစ်ယောက်ဖြစ်ပြီး နိုင်ငံရဲ့နာမည်ကျော် ဂျာနယ်လစ်တစ်ယောက်လဲဖြစ်ပါတယ်။
သူ့ကို အစိုးရက အမေရိကန်ကိုစေလွှတ်ပြီး အမေရိကန် လူ့အဖွဲ့အစည်းနဲ့ ရိုးရာယဉ်ကျေးမှုတွေကို မှတ်တမ်းတင်ရုပ်ရှင်ရိုက်ကူးဖို့လေ့လာဖို့
လွှတ်လိုက်တဲ့အချိန်မှာတော့ ဘိုရတ်တစ်ယောက် အမေရိကားကို ယောင်ချာချာရောက်လာပါတော့တယ်။
ဖွံ့ဖြိုးတိုးတက်မှု အရမ်းနိမ့်ပါးပြီး ရှေးရိုးစွဲအယူအဆတွေ ဒင်းကြမ်းနဲ့နေရာကလာတဲ့သူတစ်ယောက်အနေနဲ့ ခေတ်ရှေ့ပြေးတိုးတက်လွန်းလှတဲ့ အမေရိကန်မြို့တော်ကြီးမှာ ဘိုရတ်ဟာ တောသားမြို့ရောက် ကမောက်ကမဖြစ်ရပ်တွေ ဆက်တိုက်ကြုံရပါတော့တယ်။
အဲ့ဒီမှာမှ ဟိုတယ်ခန်းထဲက တီဗွီမှာ လာနေတဲ့
Baywatch အစီအစဉ်ကိုကြည့်မိပြီး ခေါင်းဆောင်မင်းသမီး ပမ်မလာအင်ဒါဆင်ကိုမှ အစွဲလန်းကြီးစွဲလန်းသွားတဲ့နောက် မင်းသမီးကို
လိုက်ရှာပြီး သူ့တိုင်းပြည်ကိုပြန်ခေါ်သွားပြီး ဇနီးမယားအဖြစ်သိမ်းပိုက်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။
ဘိုရတ်ဟာ စပြီး သူ့ကိုယ်သူနဲ့ သူ့ပတ်ဝန်းကျင်ကို စမိတ်ဆက်ပေးတဲ့အဖွင့်ကနေ စပြီး တစ်ကားလုံး ပါးစပ်မစေ့အောင်ခွီနေရတဲ့ ဟာသကားစစ်စစ်ပါ။
ပေါတောတောဟာသမျိုးတွေနဲ့ရယ်ရတာမဟုတ်ပဲနဲ့ တကယ့်ကိုသဘာဝကျကျရယ်ရတာမျိုးဖြစ်တဲ့အပြင် rating တွေလဲမြင့် ပရိသတ်ကော ဝေဖန်ရေးဆရာတွေကပါချီးကျူးကြရုံမက
ဘတ်ဂျက်နည်းနည်းလေးသုံး ဝင်ငွေအများကြီးပြန်ရထားပြီး ခေါင်းဆောင်မင်းသားကိုပါ ဆုတွေ လျာထားစာရင်းတွေ တန်းစီဝင်ပြီး ဝက်ဝက်ကွဲအောင်မြင်စေခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။
Spoiler alert! ပမ်မလာအန်ဒါဆင်ဟာ ပလေးဘွိုင်းမိုဒယ်ဟောင်းဖြစ်သလို 90s kid တွေရဲ့အသည်းစွဲကာလသားကြိုက်လုံးကြီးပေါက်လှ မင်းသမီးဖြစ်ပါတယ်။ သူ့ခင်ပွန်းဟောင်းနဲ့လိင်ဆက်ဆံနေတဲ့ ဗီဒီယိုတစ်ခုပေါက်ကြားခဲ့ပြီးအွန်လိုင်းပေါ်မှာ သူ့ပရိသတ်တွေမကြည့်ဖူးသူမရှိတဲ့အထိ အောင်မြင်ခဲ့ပါတယ်။ဒီကားထဲမှာ ဘိုရတ်ကိုကျောင်းသားတွေပြလိုက်တာ အဲ့ဒီကားပါ။
0 comments:
Post a Comment