Blitz (2011)


 

Rating : 6.2/10
Country : United State
Genre : Action, Crime, Thriller 
Cast : Jason Statham, Paddy Considine, Aidan Gillen
Released Date : 2011
Duration : 1h 37min

အညွှန်း
ကြမ်းကြမ်းရမ်းရမ်း အက်ရှင်ကားလည်းဖြစ်ရမယ် စုံထောက်ကားလို အမှုဖော်ထုတ်ရတာမျိုးလည်း သဘောကျတဲ့လူတွေအတွက် မင်းသားကြီး Jason Stathamရဲ့ Action, Crime, Thrillerအမျိုးအစား ရုပ်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။

ဘရန်က ရဲတပ်ဖွဲ့က စုံထောက်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ဂျစ်ကန်ကန်စရိုက်နဲ့ ခဏခဏပြဿနာတက်မှုတွေကြောင့် နာမည်ကြီးပါတယ်။ တစ်နေ့မှာတော့ ထူးထူးခြားခြားလူသတ်မှုတစ်ခုကြုံရပါတယ်။ အဲဒါကတော့ ရဲတွေကိုဘဲပစ်မှတ်ထားပြီး လူသတ်သမားက လိုက်သတ်တာပါ။ ဒါ့အပြင် သူသတ်တဲ့သတင်းအတိအကျကို သတင်းဌာနကိုသတင်းပေးပြီး သေဆုံးမှုကိုနာမည်ကြီးအောင် လုပ်နေပါတယ်။ လူသတ်သမားက ဘာဖြစ်လို့ရဲတွေကိုမှ ပစ်မှတ်ထားနေရတာဖြစ်မလဲ။ ဒါ့အပြင် အသတ်ခံရတဲ့ရဲတွေက ဘရန်တို့ဌာနက ဖြစ်နေတဲ့အပြင် သူ့မိတ်ဆွေတွေပါ ပါလာချိန်မှာတော့ ဘရန်တစ်ယောက် လူသတ်သမားကို ဖော်ထုတ်နိုင်ဖို့ အစွမ်းကုန်ကြိုးစားပါတော့တယ်။

လူသတ်သမားကလည်း သတင်းဌာနကိုသတင်းပေးပြီး လူသတ်နိုင်လောက်အောင် ပါးရေနပ်ရေရှိတဲ့သူဖြစ်ပြီး ဥပဒေကိုလက်တစ်လုံးခြားပြီး လွတ်မြောက်နေချိန်မှာ ဂျစ်ကန်ကန်လုပ်တတ်တဲ့ ဘရန်တစ်ယောက် ဘာတွေဆက်လုပ်မလဲ။ ဒီလူသတ်သမားကို သူဖော်ထုတ်အပြစ်ပေးနိုင်ပါ့မလား ဆိုတာကိုတော့ ဒီကားလေးမှာရှုစားရမှာဖြစ်ပါတယ်။

0 comments:

Post a Comment