Blackmail (2018)


Rating : 7.1/10
Country : India 
Genre :    Comedy, Thriller 
Cast :    Irrfan Khan, Kirti Kulhari, Urmila Matondkar
Released Date : 2018
Duration :  2h 18min 




အညွှန်း

ဒီကားကတော့အိန္ဒိယကားတွေကိုစောင့်မျှော်နေသူများအတွက် Comedy/Drama ဇာတ်ကားသစ်လေးဖြစ်ပါတယ်။Rating လည်း7.2 အထိရရှိထားပြီးစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ သာမန်ရုံးလုပ်ငန်းမှာလုပ်ကိုင်ရင်း အကြွေးတွေပတ်ချာလည်နေတဲ့ လင်ယောကျာ်းတစ်ယောက်


မိသားစုအတွက် ရုန်းကန်ကြိုးစားနေတဲ့ လင်ယောကျာ်းတစ်ယောက်၊အိမ်ထောင်ရေးမသာယာလင်ယောကျာ်းတစ်ယောက်၊သူများမစားတဲ့အသီးကို ထိုးကျွေးခံလိုက်ရပြီးကိုယ့်အတွက်လည်းဘာမှအကျိုးမရှိဘဲ ဝဋ်ခံနေရတဲ့လင်ယောကျာ်းတစ်ယောက်ကို ဦးတည်ရိုက်ကူးထားတာပါ။အိမ်ထောင်ရေးမသာယာတာကြောင့် အိမ်ကိုစောစောမပြန်ဖြစ်ပဲ ရုံးမှာအနေများတဲ့ Dav တစ်ယောက် ကိုယ့်မိန်းမနောက်မီးလင်းနေမှန်းသိရတော့ တော်တော်စိတ်ထိခိုက်သွားပါတယ်။ဒီတော့ ဇာတ်ကားနာမည်အတိုင်းဒေးဗ်တစ်ယောက်လက်စားပြန်ချေဖို့ကြိုးစားပါတော့တယ်။ဟာသလေးတွေနှောပြီး ရိုက်ကူးထားတဲ့အတွက် ရယ်လည်းရယ်ရပါတယ်။ဇာတ်လိုက်မင်းသားရဲ့ထုံပေပေမျက်နှာပေးဟာလည်း ဇာတ်ရုပ်နဲ့အရမ်းပလဲနံသင့်ပါတယ်။အားလပ်ချိန် ပေါ့ပေါ့ပါးပါးကြည့်လို့ရတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။Dev တစ်ယောက် ဘယ်လိုအကွက်ချမလဲဆိုတာ ကြည့်လိုက်ကြပါဦး။ 



 

0 comments:

Post a Comment