Widow's Point (2019)


 

Rating : 3.4/10
Country : United State
Genre : Thriller 
Cast : Craig Sheffer, KateLynn E. Newberry, Dominic Luongo 
Released Date : 2019
Duration : 1h 27min

အညွှန်း
ဒီကားလေးကတော့ horror ဇာတ်လမ်းကြိုက်သူတွေ အကြိုက်တွေ့မယ့်ကားလေးပါ။ဒီကားက Harver ပင်လယ်ကွေ့မှာရှိတဲ့ Widow’s point မီးပြတိုက်မှာ အခြေခံပြီး ရိုက်ထားတာပါ။

ဇာတ်လမ်းအကျဉ်းလေးကတော့ ၁၈၃၆ ပတ်ဝန်းကျင်က widow’s point မီးပြတိုက်မှာ မိသားစုတစ်စုနေခဲ့ပြီး တစ်မိသားစုလုံးက ညတစ်ညမှာ အသတ်ခံခဲ့ရတာပါ။

ဒါကြောင့် နောက်ပိုင်းမှာ မီးပြတတိုက်ကြီးကို ပိတ်ခဲ့ပါတယ်။၁၉၈၅ ခုနစ်မှာတော့ ရုပ်ရှင်ထုတ်လုပ်ရေးတစ်ခုက widow’s point မီးပြတိုက်ကို ရိုက်ကွင်းအနေနဲ့ အသုံးပြုခဲ့ပြီး ရုပ်ရှင်ပြီးခါနီးမှာဘဲ Lidia ဆိုတဲ့ သရုပ်ဆောင်တစ်ယောက်က မီးပြတိုက်ပေါ်ကနေ ဆွဲကြိုးချ သတ်သေသွားခဲ့ပါတယ်။အဲ့နောက်ပိုင်းတော့ မီးပြတိုက်ထဲ ဘယ်သူမှ အဝင်မခံတော့ပါဘူး။

ဒါပေမယ့် Thomas ဆိုတဲ့ စာရေးဆရာက သူ့စာအုပ်ကို widow’s point အကြောင်း ရေးပြီး ထုတ်ချင်ခဲ့ပါတယ်။

ဒါပေမယ့် စိတ်ကူးယဉ်မျိုးမဟုတ်ဘဲ တကယ့် ဖြစ်ရပ်မှန်တွေရယ် ဘာတွေဖြစ်ခဲ့လဲကို သိချင်တဲ့အတွက် မီးပြတိုက်မှာ ၃ ရက်တိတိ သူတစ်ယောက်တည်း နေကြည့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူဟာ မီးပြတိုက်ကို ကင်မရာယူသွားပြီး မှတ်တမ်းတွေယူနိုင်ဖို့ သူ့ပြန်ကြားရေး ရိုဆာနဲ့ အန်ဒရီကိုတော့ widow’ point အိမ်မှာနေခိုင်းခဲ့ပါတယ်။

Thomas မီးပြတိုက်မှာနေတဲ့ ၃ ရက်လုံးမှာ ပထမတစ်ရက်ကျ ပုံမှန်တိုင်းဖြစ်နေပေမယ့် နောက်ပိုင်းတစ်ညထက်တစ်ည ပိုဆိုးပြီး စိတ်ခြောက်ခြားစရာကောင်းလာခဲ့ပါတယ်။

Thomas တစ်ယောက် မီးပြတိုက်မှာ ဘယ်လို စိတ်ခြောက်ခြားစရာတွေ ကြုံတွေ့ရလဲရယ်၊ နောက်ဆုံးမှာ သူ့စာအုပ်ကို အောင်မြင်အောင် ထုတ်နိုင်ပါ့မလားဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမှာပါ။

0 comments:

Post a Comment