Where Hands Touch (2018)


 

Rating : 6.2/10
Country : United State
Genre : Drama, Romance, War 
Cast : Abbie Cornish, George MacKay, Amandla Stenberg  
Released Date : 2018
Duration : 2h 2min

အညွှန်း
ဒီတစ်ခါကားလေးကတော့ သမိုင်းနောက်ခံ ရိုမန့်ဒရမ်မာကားကောင်းလေးပါ။ နာဇီဟစ်တလာရဲ့လက်ထပ်မှာ ဂျူးလူမျိုးတွေ ဂျာမနီနဲ့နီက တိုးမျိုးနှောကလေးတွေကို လူမျိုးတုန်းသတ်ဖြတ်ခဲ့ကြတာကိုသိပြီးသားဖြစ်မှာပါ။ ဒီကားလေးမှာတော့ ဂျာမနီလူမျိုးမိခင်နဲ့ နီကတိုးဖခင်တို့ကမွေးလာတဲ့ ဂျာမာန်နီကတိုးသမီးလေး လီယာနာရှလီဂယ်အကြောင်းကို ရိုက်ကူးပြသထားတာပါ။

သူမက နီကတိုးရုပ်ဖြစ်တာကြောင့် လူအများရဲ့ပြောဆိုမှုအနိုင်ကျင့်မှု ကျောင်းမှထုတ်ခံကမှုစတာတွေကို ခံစားရပါတယ်။ ဒါပေမဲ့တစ်နေ့တော့ ဘာလင်ကိုပြောင်းလာရင်း သူနဲ့အတူအရာရာကို မျှဝေခံစားပေးနိုင်တဲ့ ဂျာမာန်ကောင်လေးတစ်ယောက်နဲ့တွေ့ဆုံခဲ့ပြီး အချစ်ဆိုတာကြီးကို စတင်ထိတွေ့ခဲ့ရပါတော့တယ်။

မကြာခင်မှာပဲ သူ့ကြောင့် သူ့အမေအဖမ်းခံခဲ့ရပြီး ကောင်လေးကစစ်ထဲပါသွားတာကြောင့် တစ်ယောက်တည်းဖြစ်နေစဉ် သူပါအဖမ်းခံလိုက်ရပြီး ထောင်ထဲမှာ ဘယ်လိုလူမဆန်မှုတွေကိုကြုံတွေ့ရမလဲ……… ချစ်ရသူနဲ့ရော ပြန်လည်ဆုံစည်းနိုင်မှာလား….. သူမရဲ့မိသားစုနဲ့ရော ပြန်လည်တွေ့ဆုံခွင့်ရဦးမှာလား ထောင်ထဲမှာ နာဇီတွေရဲ့ရက်စက်မှုကို သူဘယ်လိုကျော်ဖြတ်ပြီးအသက်ရှင်မှာလဲ စတာတွေကိုဒီဇာတ်ကားထဲမှာ တစ်၀ကြီးကြည့်ရှုရမှာပဲဖြစ်ပါတယ်။

0 comments:

Post a Comment