Trapped (2016)



Rating : 7.5/10
Country : India
Genre : Drama, Thriller 
Cast :  Rajkummar Rao, Geetanjali Thapa, Shiladitya Sen 
Released Date : 2016
Duration:  1h 45min 

 
အညွှန်း

ဒီကားလေးက IMDb 7.7​တောင်ရထားတဲ့ကားလေးဖြစ်ပါတယ်။
တစ်ခြားပုံမှန် အိန္ဒိယကားတွေကနေခွဲထွက်ရိုက်ကူးထားတဲ့ကားမျိုးလေးဖြစ်ပါတယ်။
ရှောယား ဆိုတဲ့ ကောင်လေးက ရုံးတစ်ရုံးမှာအလုပ်လုပ်နေတဲ့ နိုရီးဆိုတဲ့ ကောင်မလေးကို
ကြိတ်ကြိုက်နေပါတယ်။ဒီလိုနဲ့ သူ့အချစ်ကို ဖွင့်ပြောတဲ့ အချိန်ကျမှာ နိုရီးကို မိဘတွေက
သူတို့သဘောကျတဲ့ သူတွေနဲ့ လက်ထပ်ပေးတော့မယ်ဆိုတာ သိလိုက်ရပါတယ်။ဒါပေမဲ့
ရှောယားက သူ့ကို လက်ထပ်ဖို့ပဲ နိုရီးကိုပြောတာပေါ့။ အဲ့မှာနိုရီးကလည်းလက်ခံလိုက်တာပေါ့
ဒီတော့ သူတို့ လက်ထပ်ပြီးနေဖို့ အခန်းကို ရှောယားက ရှာရတော့တာပေါ့။အဲ့မှာပဲ အဆောင်ကိုတောင်
သူငယ်ချင်းတွေနဲ့ စုနေရတဲ့ ရုံးဝန်ထမ်းလေးရှောယားတစ်ယောက် ဒုက္ခရောက်တော့တာပေါ့။
ဒီလိုနဲ့ ရှာရင်း နဲ့ ပွဲစားလူလိမ်တစ်ယောက်က လူနေခွင့်ပါမစ်တောင် မရသေးတဲ့ တိုက်ခန်းတစ်ခုကို
ထိုးပေးပြီး ဂျင်းထဲ့တော့တာပေါ့။ ဒီလိုနဲ့ အခန်းတွေ ဘာတွေ သွားကြည့်ကျတဲ့ အခါမှာပဲ
ရှောယားတစ်ယောက် အဲ့ အခန်းထဲမှာပဲ သော့ပိတ်မိနေပါတော့တယ်။ အစားအစာ မရှိ
ရေမရှိ လျှပ်စစ်မီးတောင်မရှိတဲ့ အခန်းထဲကနေ ရှောယားတစ်ယောက် လွတ်မြောက်အောင်
ဘယ်လို လုပ်မလဲ … လွတ်ကော လွတ်မြောက်မှာလား ဆိုတာကို စိတ်ဝင်စားဖွယ်
ကြည့်ရှု့ရမှာပါ။



 

0 comments:

Post a Comment