The Devil All the Time (2020)


 

Rating : 7.3/10
Country : United State
Genre : Crime, Drama, Thriller
Cast : Robert Pattinson, Tom Holland, Bill Skarsgård  
Released Date : 2020
Duration : 2h 18min

အညွှန်း
Tom Holland ရဲ့ 16 ရက်​နေကမှ ထွက်တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဘာမှမဆိုင်နဲ့ မြို့​လေးနှစ်မြို့မှာ ဒီလူ​တွေက သူ့ဟာနဲ့သူ အချိတ်အဆက်​တွေဖြစ်လာပြီး​တော့ ရှုပ်ကုန်တဲ့ဇာတ်လမ်းပါ။ အဓိက​က​တော့ Tom သရုပ်​ဆောင်ထားတဲ့ Arvin ရဲ့ ငယ်ဘဝအ​ကြောင်းဆိုရင် ပိုမှန်ပါတယ်။ ဇာတ်လမ်းကို အစတည်ထားတာက​တော့ Arvin ရဲ့အ​ဖေ Willard တစ်​ယောက် Arvin အ​မေ Charlotte နဲ့ စ​တွေ့တဲ့ 1950 ဝန်းကျင်မှာ ဇာတ်အိမ်ကို တည်ထားပါတယ်။ ဇာတ်အိမ်က​တော့ ​ပြောလိုက်ရင် အကုန်​ပေါ်သွားနိုင်လို့ ဒီ​လောက်နဲ့ပဲရပ်ထားလိုက်မယ်။

ဘာအ​ကြောင်း​တွေပါလဲဆို​တော့ အဓိကက​တော့ ​သွေးထွက်သံယို​ပေါ့ အဲ့ဒီ​နောက်မှာပါလာတာက ဘာသာ​ရေးအမြတ်ထုတ်မှု ဘာသာ​ရေးကို အလွန်အကြူးယုံကြည်မှု​ပေါ့။ လူတိုင်း​တော့ ​ဒီအချက်​တွေကို ​ကြိုက်ချင်မှ ကြိုက်လိမ့်မယ်။ ဒါ​ပေမဲ့ ဒီဇာတ်လမ်းက​​နေ​ပေးချင်တာ​လေး​တွေက တကယ်​ကောင်းပါတယ်။

အ​ကောင်း​တွေကြီးပဲ​ရွေးထားသလား​အောင့်​မေ့ရတယ် သရုပ်​ဆောင်​တဲ့သူ​တွေကလဲ တကယ်​ကောင်းကြတယ်။ ကျွန်​​တော့်အမြင်အရဆိုရင်​တော့ Arvin ရဲ့အ​ဖေ Willard ​နေရာမှာ သရုပ်​ဆောင်တဲ့ Bill Skarsgard ကို​တော့ သ​ဘောအကျမိဆုံးပါပဲ။ အဲ့ဒီ​နောက်မှာ သ​ဘောကျမိတာက​တော့ Roy ဆိုတဲ့ ကာရိုက်တာ​နေရာမှာ သရုပ်​​ဆောင်တဲ့ Harry Melling ကိုပါ။ ဘာလို့ကြိုက်လဲဆို​ရင်​တော့ ဇာတ်ကား​လေးကိုကြည့်လိုက်ရင် သိမှာပါ။

IMDb မှာလဲ လက်ရှိမှာ 7.6 အထိရထားတဲ့အတွက် တကယ်​လဲ​ကောင်းပါတယ်။ ပရိသတ်အချစ်​တော် Robert Pattinson လဲပါ​သေးတယ်​နော်။ Tom ရဲ့ ပရိသတ်​တွေလဲဇာတ်ကားအသစ်​လေးကို အား​ပေးကြပါဦး။

0 comments:

Post a Comment