Rang De Basanti (2006)

 

Rating : 8.2/10
Country : India
Genre : Comedy, Drama
Cast : Aamir Khan, Soha Ali Khan, Siddharth
Released Date : 2006
Duration: 2h 47min
 
အညွှန်း

ဇာတ်လမ်းကို ပြောပြဖို့ စိတ်ကူးမရှိပါဘူး... ကိုယ်တိုင်ကြည့်တဲ့အခါ ခံစားဖို့ ချန်ခဲ့ပါရစေ။

မှာချင်တာက ဒီဇာတ်ကား စကြည့်ဖြစ်ခဲ့ရင် အဆုံးထိအောင် ကြည့်စေချင်တယ်။ အစချီတာမှာ စိတ်ပျက်မသွားဖို့ပါပဲ။

ဒီဇာတ်ကား ရိုက်ကူးစဉ်နဲ့ ရိုက်ကူးပြီး နိုင်ငံရေးမှာ လှုတ်ခတ်သွားခဲ့တာတွေ အများကြီးပါ အဲဒီထဲက ထင်ရှားတာကတော့ မနေ့က ရန်ကုန် မြို့တော်ခန်းမရှေ့က Candle Campagne တွေလို Campagne တွေ အစပြုစေခဲ့တာ တစ်ခု အပါအဝင်ပါ။

ဇာတ်လမ်းက အသင့်ရှိနေတဲ့ ဝတ္တုတစ်ပုဒ်ကို ဟိုဒီ တည်းဖြတ် ဇာတ်ညွှန်းရေးပြီး ရိုက်ခဲ့တာ မဟုတ်ပါဘူး။ ဇာတ်လမ်း ဖန်တီးဖို့ကို ရနှစ်ကျော် ကြာခဲ့ပါတယ် ဆိုပါတယ်။ ဖန်တီးခဲ့တဲ့သူဟာ အပြင်မှာ ခေတ်လူငယ်တွေနဲ့ ထိတွေ့ဆက်ဆံ ရနှစ်ကြာ သုတေသနပြုရင်း ဒီဇာတ်လမ်းကို တဖြည်းဖြည်းချင်း အဆင့်ဆင့် ပြင်ဆင်တည်းဖြတ် ရေးသားခဲ့ရတယ်လို့ မှတ်ဖူးပါတယ်။

ဒီဇာတ်ကား အကြောင်း ပြောရင် ပြောစရာတွေ အများကြီးပါ... ပြောလို့ ကုန်မှာ မဟုတ်တော့ပါဘူး။ မကြည့်ရသေးရင် ကြည့်စေချင်တဲ့ စေတနာရယ် ပြီးတော့ အခု လက်ရှိ မြန်မာနိုင်ငံက အဖြစ်တွေနဲ့ တိုက်ဆိုင်တဲ့ အချက်တွေ တော်တော်များများ တွေ့မိတာရယ်ပါ။

အဲ.. ဒီဇာတ်ကားထဲ ဇာတ်တည်ထားတဲ့ နိုင်ငံရေး သူရဲကောင်း Bhagat Singh အကြောင်းသီးသန့် ကြည့်ချင်သပဆိုရင်တော့ 2002 မှာ ရိုက်ထားတဲ့ The Legend of Bhagat Singh ဆိုတဲ့ကားက သိပ်ပြောင်မြောက်ပါကြောင်း။

0 comments:

Post a Comment