Phillauri (2017)

Rating : 6.1/10
Country : India
Genre :    Comedy, Drama, Fantasy 
Cast :    Anushka Sharma, Diljit Dosanjh, Suraj Sharma
Released Date : 2017
Duration:  2h 18min

 

အညွှန်း
အချစ် ကံကောင်းဖို့ မင်္ဂလာမဆောင်ခင် မှာ သစ်ပင်နဲ့ အရင်လက်ထပ် ခဲ့ရတဲ့ လူငယ်လေးတစ်ယောက်နဲ့ သစ်ပင်မှာရှိနေတဲ့ ဝိညာဉ်မလေးတို့အကြား အလွဲလေးတွေကို ဇာတ်အိမ်တည်ထားတာ ဖြစ်ပါ တယ်။ပန်ချာပီကောင်လေး ခါနန် ဟာ သူ့ရဲ့ ကလေးဘဝကတည်း က ချစ်သူ မိန်းကလေး အနူးနဲ့ လက်ထပ်ဖို့ နိုင်ငံခြားကနေ အိန္ဒိယကို ပြန်လာခဲ့ပါတယ်။ လက်မထပ်ခင် ကံဇာတာစစ် လိုက်တဲ့အခါ သူ့ဘဝတစ်လျှောက် ကံမကောင်းမှုတွေ ပပျောက်ဖို့ အစီအရင်အနေနဲ့ သစ်ပင်နဲ့ အရင်ဆုံးလက်ထပ်ရမယ်လို့ လူကြီးသူမတွေ စီစဉ်ခဲ့ပါတယ်။ စိတ်ထဲက မပါပေမယ့်လို့ လူကြီးတွေ အတင်း စီစဉ်ကြတဲ့အတွက် ခါနန်တစ်ယောက် မကျေမနပ်နဲ့ လက်ခံခဲ့ရပါတယ်။
အဲဒါနဲ့ ခါနန်ကို သတို့သား တစ်ယောက်လို ဝတ်ကောင်းစား လှတွေ ဝတ်ဆင်ပေးပြီး မင်္ဂလာ အခမ်းအနား ကျင်းပသလိုမျိုးကို သစ်ပင်နဲ့ လက်ထပ်ပေးခဲ့ပါ တယ်။ အဲဒီလိုလုပ်ပြီး မကြာခင် မှာ ခါနန်တစ်ယောက် ထူးဆန်းတဲ့ အဖြစ်အပျက်နဲ့ ကြုံခဲ့ရပါတယ်။အဲဒါကတော့ ရှာရှီဆိုတဲ့ မိန်းကလေးရဲ့ ဝိညာဉ်က သူ့နောက်ကို လိုက်လာလို့ပဲဖြစ်ပါ တယ်။ အဲဒီမိန်းကလေးဟာ ခါနန်လက်ထပ်လိုက်တဲ့ သစ်ပင်မှာနေ တဲ့သူဖြစ်ပြီး အဲဒီသစ်ပင်ကို လက်ထပ်ပွဲပြီးကတည်းက ခါနန်မိဘ တွေက ခုတ်ယူခဲ့တဲ့အတွက် နေ စရာမရှိဖြစ်ခဲ့တာပါ။နေစရာအခက်တွေ့ပြီး အ ကျပ်အတည်းဖြစ်နေတဲ့ ရှာရှီဟာ ဘယ်သွားရမှန်းမသိတာနဲ့ ခါနန် နောက်ကို လိုက်လာခဲ့တဲ့အတွက် ခါနန်တစ်ယောက် ကြောက်ရွံ့ ထိတ်လန့်ပြီး အလွဲလွဲအမှားမှား တွေဖြစ်တဲ့ ဇာတ်ကွက်တွေက လည်း ပရိသတ်ကို ရယ်မောစေဦးမှာပါ။ဝိညာဉ်မလေး ရှာရှီမှာလည်း စိတ်နှလုံးထိခိုက်စရာအချစ်ဇာတ် လမ်းရှိနေပြီး ရှာရှီနဲ့ သူ့ချစ်သူ ဖီလောင်ရီရဲ့ အတိတ်ကဇာတ် လမ်းလေးက ဒီဇာတ်ကားရဲ့ အဓိ ကအကြောင်းအရာဆိုရင်လည်း မမှားပါဘူး။
ရှာရှီမှာ ဘယ်လို အချစ် ဇာတ်လမ်းတွေရှိခဲ့တာလဲ၊ ရှာရှီ အကူအညီ တောင်းတာတွေကိုကော ခါနန်က လုပ်ပေးနိုင်ပါ့မလား။ ခါနန်၊ အနူးနဲ့ ရှာရှီတို့ တွေ ဘယ်လိုဇာတ်လမ်းတွေ ဆက်ဖြစ်မယ်ဆိုတာ ကြည့်လိုက်ပါဦးလို့။

 

0 comments:

Post a Comment