My Name Is Khan (2010)


Rating : 8.0/10
Country : India
Genre : Drama
Cast :  Shah Rukh Khan, Kajol, Sheetal Menon
Released Date : 2008
Duration:   2h 45min 

အညွှန်း
ဒီကားကတော့ အားလုံးသိကြပြီးသားဖြစ်မှာပါ
မင်းသား Shah Rukh Khan နဲ့ မင်းသမီး Kajol တို့ပါဝင်ထားပြီး
Asperger's syndrome ရောဂါဝေဒနာသည် ရစ်ဇ်ဗန်ခန်း
အဖြစ် ရှရွတ်ခန်းက ပီပီပြင်ပြင်သရုပ်ဆောင်ထားတာဟာ တကယ့်ကို
စိတ်ဝေဒနာခံစားနေရသူလားထင်မှတ်ရပါတယ်
အစ္စလာမ်ဘာသာကိုးကွယ်တဲ့မွေးရာပါဝေဒနာရှင် ရစ်ဇ်ဗန်ခန်းဟာ
သူ့အမေငယ်စဉ်ကတည်းကသင်ပြပေးလိုက်တဲ့
(လောကမှာလူ ၂ မျိုးပဲရှိတယ် တမျိုးကကောင်းတာလုပ်တဲ့
လူကောင်းနဲ့ မကောင်းတာလုပ်တဲ့ လူဆိုး) ဆိုတဲ့စကားကို
ခန်းဟာ ဦးနှောက်ထဲမှာဆွဲမြဲနေခဲ့ပါတယ် သူ့အမေဆုံးတဲ့အခါမှာတော့
သူ့ညီရှိရာ ဆန်ဖရန်စစ္စကိုကိုရောက်လာခဲ့ပါတယ် သူ့ညီဇာကီရာ့ခန်းရဲ့
ကုမ္ပဏီမှအလှကုန်ပစ္စည်းများကိုလိုက်ရောင်းရင်း ဆံပင်ညှပ်ဆိုင်က
မန်ဒီရာ ဆိုတဲ့ ကလေးတစ်ယောက်အမေနဲ့ဆုံခဲ့ကြပါတယ်
မန်ဒီရာကိုမြင်မြင်ချင်းမှာပဲ နှစ်သက်ခဲ့ပြီး လက်ထပ်ဖို့ကြိုးစားခဲ့ပါတယ်
မန်ဒီရာကလည်း ခန်း ရဲ့ရိုးသားမှုနဲ့ဉာဏ်ကောင်းတာကိုသဘောကျပြီး
လက်ခံခဲ့ပါတယ်....ခန်းရဲ့ညီဖြစ်သူက ဘာသာမတူတဲ့အတွက်သဘောမတူခဲ့ပါဘူး
ခန်းနဲ့မန်ဒီရာ တို့လက်ထပ်ပြီးနောက်မှာတော့ ဘန်ဘေးလ်ကိုပြောင်းခဲ့ကြပါတယ်
သူတို့မိသားစုဟာ ပျော်ရွှင်စရာဖြစ်ခဲ့ကြပါတယ်
တရက်မှာတော့ သူတို့အတွက်ကံကြမ္မာဆုံးကျရောက်လာခဲ့ပါတယ်
9/11 အသေခံဗုံးဖောက်မှုတွေဖြစ်ပွားပြီးအမေရိကမှာ
လူပေါင်းများစွာအသက်ဆုံးရှုံးရတဲ့အတွက်ဘာသာရေး
ခွဲခြားမှုများပေါ်ပေါက်လာခဲ့ပါတယ် ထိုဘာသာရေးခွဲခြားမှုဟာ
သူတို့ရဲ့သားဆမ်မီအပေါ်ကိုကျရောက်သွားတဲ့အခါမှာတော့
ခန်းနဲ့မန်ဒီရာ တို့အိမ်ထောင်ရေးဟာလည်းပြိုကွဲခဲ့ရပါတော့တယ်
မန်ဒီရာက အမေရိကန်သမ္မတထံသွားတွေ့လို့ပြောလိုက်တဲ့အတွက်
ခန်းဟာသမ္မတကိုတွေ့ဖို့ကြိုးစားပါတော့တယ်....
(ကျနော့်နာမည် ခန်း ပါ ကျနော်အကြမ်းဖက်သမားမဟုတ်ပါဘူး)
ဆိုတာကို ဘာကြောင့်ပြောတယ်ဆိုတာကိုဆက်လက်ရှုစားကြပါ

0 comments:

Post a Comment