Maria's Paradise (2019)


 

Rating : 6.0/10
Country : United State
Genre : Drama, Thriller 
Cast : Pihla Viitala, Tommi Korpela, Vincent Willestrand
Released Date : 2019
Duration : 1h 50min

အညွှန်း
Maria’s Paradise ဆိုတဲ့ ဇာတ်​ကား​လေးက​တော့ တကယ်​ဖြစ်​ပျက်​ခဲ့တဲ့ ဘာသာ​ရေးဖြစ်​ရပ်​ကို အ​ခြေခံထားတဲ့ စိတ်​ကူးယဉ်​ဇာတ်​ကား​လေးဖြစ်​ပါတယ်​။ ၁၉၂၀ခုနှစ်​​နောက်​ပိုင်း ဖင်​လန်​နိုင်​ငံမှာ ခရစ်​ယာန်​ဘာသာတွင်း အသင်းအဖွဲ့တစ်​ခု ​ခေတ်​စားခဲ့ပါတယ်​။ အဲဒီ့အဖွဲ့ရဲ့ ​ခေါင်း​ဆောင်​က​တော့ ​ကောင်းကင်​ဘုံရဲ့ ​စေတမန်​နဲ့ ဆက်​သွယ်​နိုင်​တယ်​လို့ ဆိုသူ Mariaလို့​ခေါ်တဲ့ အမျိုးသမီးတစ်​ဦးပါ။ Mariaကို ယုံကြည်​သူ​တွေဟာ သူတို့ရဲ့ပိုင်​ဆိုင်​မှု​တွေကို Mariaကိုလှူဒါန်းကြတယ်​။ Mariaဟာ ဒီ​ငွေ​တွေနဲ့ မိဘမဲ့က​လေး​တွေကို ​မွေးစားထားခဲ့တယ်​။ Salome ဆိုတဲ့ မိန်းက​လေးက​တော့ Mariaရဲ့အချစ်​ဆုံးမိဘမဲ့တစ်​ဦးဖြစ်​ပြီး Maria ဟာသူတို့ကို ​ကောင်းကင်​ဘုံဆီ လမ်းညွှန်​​ပေးမယ်​လို့ ယုံကြည်​ထားသူပါ။ Marlin က​တော့ နတ်​ဘုရား​တွေကို မယုံကြည်​သူ လမ်း​ဘေးက ​ကောင်​မ​လေးတစ်​​ယောက်​ပါ။ Maria လုပ်​သမျှ အကုန်​ယုံကြည်​​ပေးသူ Salome တစ်​​ယောက်​ Marlinနဲ့ခင်​သွားပြီး ​ကောင်းကင်​ဘုံအစား ကမ္ဘာတစ်​ဝှမ်းကို သူငယ်​ချင်းနဲ့အတူ ​ခြေဆန့်ချင်​လာတဲ့အခါမှာ​တော့……. ??? ဘာသာတရားကို သက်​ဝင်​ယုံကြည်​သူနဲ့ ဘာသာ​ရေးနဲ့ လူ​တွေရဲ့စိတ်​ကို ခြယ်​လှယ်​​နေသူတို့ကြားကို အ​တွေးအ​ခေါ်မတူတဲ့ လူတစ်​​ယောက်​ဝင်​လာတဲ့အခါ ဘယ်​လို​တွေဖြစ်​ပျက်​သွားမလဲဆိုတာကို ဒီဇာတ်​ကား​လေးထဲမှာ စိတ်​ဝင်​စားဖွယ်​ကြည့်ရှုရမှာဖြစ်​ပါတယ်​။

0 comments:

Post a Comment