Kanchana: Muni 2 (2011)

Rating : 6.6/10
Country : India
Genre :    Comedy, Horror 
Cast :    Lawrence Raghavendra, Sarath Kumar, Kovai Sarala 
Released Date : 2017
Duration: 2h 52min


အညွှန်း
ဒီကားက အခုလတ်​တ​လောမှာ ​ရေပန်​းစား​နေတဲ့ ရုံတင်​ကားကြီးဖြစ်​တဲ့ တာ​တေကြီးရဲ့ မူရင်​းဇာတ်​ကား​လေးပါ...
ဇာတ်​လမ်​း ဇာတ်​ကွက်​​တွေက ​အထူး​ညွှန်​း​နေစရာ​တောင်​ မလိုအပ်​​တော့ပါဘူး...
ရာဗာတို့သူငယ်ချင်း​အုပ်​စု ခရစ်​ကတ်​ ကစား​နေကြ ​မြေကွက်​လပ်​ကြီးက ကစားလို့မရ​တော့တဲ့အတွက်​ 
​နေရာအသစ် ​သွားရှာတဲ့အခါမှာ...လူမရှိတဲ့ခြံကျယ်​ကြီးတစ်​ကွက်​ကို​တွေ့ခဲ့ပါတယ်​
ရာဗာတို့သူငယ်​ချင်​းအုပ်​စုက အဲ့ဒီခြံကျယ်​ကြီးထဲမှာ ခရစ်​ကတ်​ကစားဖို့ ပြင်​ဆင်​​နေကြတဲ့အချိန်​မှာပဲ 
​လေပြင်​း​တွေတိုက်​ ​ကောင်​းကင်​​တွေက မဲ​​မှောင်​လာခဲ့ပါ​တော့တယ်​ 
ရာဗာတို့​တွေလဲ ​ကြောက်​အားလန်​့အားနဲ့ အိမ်​ပြန်​​ပြေးကြတဲ့အခါမှာ​တော့ ရာဗာရဲ့
ခရစ်​ကတ်​ကစားတဲ့တုတ်​မှာ အဲ့ဒီခြံကျယ်​ကြီးထဲက မ​ကောင်​းဆိုးဝါးကလိုက်​လာခဲ့ပါ​တော့တယ်​....
သရဲဆိုရင်​ အသံ​တောင်​ကြားမရ​အောင်​​ကြောက်​တတ်​တဲ့ သတ္တိခဲရာဗာဆီမှာမှ
အမုန်​း​တွေ အညှိုး​တွေ အာဂတ​တွေနဲ့ ပြည်​့​နေတဲ့ ခြံကျယ်ကြီးထဲက 
သရဲ​တွေ ဝင်​​ရောက်​စီးကပ်​သွားတဲ့အခါမှာ​တော့...
ရာဗာတို့မိသားစု​တွေ ဘယ်​လိုအ​ခြောက်​အလှန်​့​တွေနဲ့ ရင်​ဆိုင်​သွားရမလဲ...
ရာဗာကိုယ်​တိုင်​က​ရော ဘယ်​လိုပုံစံမျိုး​တွေ​ပြောင်​းလဲသွားမလဲ...
ရာဗာ့ဆီမှာ ဝင်​ပူးခဲ့တဲ့သရဲ​တွေက​ရော ဘယ်​လိုအ​ကြောင်​း​ကြောင်​့လဲဆိုတာ​တွေကို​တော့
ဇာတ်​လမ်​းဆုံးသည်​ထိ သည်းထိတ်ရင်ဖို​​​နဲ့ ကြည်​့ရှုခံစားရမယ်​့ဇာတ်​ကားတစ်​ကားဖြစ်​ပါတယ်​...
သရဲကားကြိုက်​နှစ်​သက်​သူ​တွေအတွက်​ အထူးညွှန်​းစရာမလို​ပေမယ်​့ 
သရဲကားမကြည်​့ရဲတဲ့သူ​တွေအတွက်​လဲ ဟာသ​လေး​တွေနဲ့မို့ မ​ကြောက်​ပဲကြည်​့ကြပါလို့ 😁


 

0 comments:

Post a Comment