Desamuduru (2007)

Rating : 6.2/10
Country : India
Genre :  Action, Drama
Cast :   Allu Arjun, Hansika Motwani, Pradeep Singh Rawat|
Released Date : 2007
Duration:   2h 28min 

အညွှန်း
ဒီတစ်ခေါက် ပရိတ်သတ်ကြီးအတွက်
ဘိုင်ရာဘာရဲ့ အကို Allu Arjun ရဲ့ ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ

ဒုစရိုက်လုပ်ငန်းတွေ မြေအောက်ဂိုဏ်းသားတွေ ကြီးစိုးတဲ့ မြို့လေးတစ်မြို့. . .
အဲ့ဒီမြို့လေးမှာရှိတဲ့
MMA TV Channel ဆိုတဲ့ Telecast Company တစ်ခုမှာ
ဆတ်ဆတ်ကြဲကောင်လေးတစ်ယောက်ရှိတယ်
ကိုယ်မှန်ရင်ဘာကိုမှ ဂရုမစိုက်တတ်
အမှန်တရားကိုလိုလားတဲ့ကောင်လေးရဲ့နာမည်က “Bala Govind – ဘာလာဂိုဗင်”. . .
ရုပ်သံကုမ္ပဏီမှာ Programm Directorဖြစ်တဲ့ သူ့အလုပ်က ဒုစရိုက်မှုတွေကို ချောင်းမြောင်းရိုက်ကူးမှတ်တမ်းတင်ပြီး ရုပ်သံလိုင်းကနေ ပြန်လည်ပြတဲ့ အလုပ်. . .
တစ်နေ့တော့ ဒုစရိုက်နယ်မြေထဲမှာ မှတ်တမ်းရိုက်ကူးဖို ့အသွင်ယူပြီး သွားလာနေရင်း လူတစ်ယောက်ကို လူဆိုးတွေအများကြီးက သတ်ဖြတ်ဖို ့ကြိုးစားနေတာတွေ့လို ့ ဝင်ကူညီပြီး လူဆိုးအဖွဲ့ခေါင်းဆောင်ကို ကိုးမား(သတိမေ့ရောဂါ)ဖြစ်တဲ့အထိ ရိုက်နှက်ပစ်လိုက်တယ်. . .
သူမသိတာက ကိုးမားရသွားတဲ့ လူဆိုးအဖွဲ့ခေါင်းဆောင်ဆိုတာ သူတို ့မြို့ရဲ့ ဒိတ်ဒိတ်ကြဲ ဂန်းစတားကြီး တံပီဒူရဲ့သားဖြစ်နေတယ်. . .
သူ့သားကိုထိရင် ငြိမ်နေမှာမဟုတ်တဲ့ တံပီးဒူရဲ့အကြောင်းကိုသိတော့ “ဘာလာဂိုဗင်”ကို တစ်ခြားမြို့ကို ပြောင်းရွှေ့ရှောင်တိမ်းဖို ့. . .သူ့အဖေက အတင်းတိုက်တွန်းပြီး Travel Program(ဘာလာ ခရီးသွားနေသည် အစီအစဉ်ပေါ့ )တစ်ခု ရိုက်ကူးခဲ့ပါဆိုပြီး ဟိမဝန္တာအနီးမှာရှိတဲ့ “မာလာနီ”ဒေသဆီ ရိုက်ကူးရေးအဖွဲ့နဲ့အတူ လွှတ်လိုက်ပါတော့တယ်. . .
ဟိုး မာလာနီဒေသကိုရောက်တော့ ဒေသန္တရအလှအပတွေနဲ့ Travel Programရိုက်ရင်း “Sanyasins – ကျင့်စဉ်တူ ့မျိုးသမီးတစ်စု/ဆန်ယာဆင်းသီလရှင်များ”နဲ့ သွားတွေ့ရာက အိန္ဒြေရပြီး ကျော့ရှင်းလှတဲ့ “ဆန်ယာဆင်းမ” ချောချောလေး Vaishali-ဘိုင်ရှာလီကို မြင်မြင်ချင်းချစ်မိသွားတဲ့နောက်. . .
တဇွတ်ထိုးသမားကောင်လေးတစ်ယောက်ရဲ့ အိန္ဒြေရရှင်ဆန်ယာဆင်းမလေးတစ်ယောက်ဆီက အချစ်ကို ရရှိဖို့ အပြင်းအထန်ကြိုးစားပုံကို ဆွတ်ပျံ့ ကြည်နူးဖွယ် မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်
“ဆန်ယာဆင်း”ဆိုတာ ဘာသာပေါင်းစုံကလာပြီး တရားမှတ်ခြင်း, အသီးအနှံများကိုသာ သက်သက်လွတ်အစာအဖြစ်မှီဝခြင်း,အလှူခံထွက်ခြင်း စတဲ့ သူတော်စင်အကျင့်ကိုကျင့်တဲ့သူတွေဆိုပေမယ့် ကန့်သတ်ချက်တွေ နည်းပါးလှတဲ့အတွက် သီလရှင်ဆိုတာနဲ့ ကတုံးတုံးထားတဲ့ ကျွန်တော်တို့ ဆီကသီလရှင်တွေလို သွားမမြင်ဖို့ပါ ဆံပင်အရှည်ထားခွင့်ရှိပြီး ကိုယ့်ကိုကိုယ်တွယ်တာတဲ့စိတ်တွေဖြစ်တည်လာမှာစိုးလို ့မှန်ကြည့်ခွင့်မရှိတာ မိတ်ကပ်လူးခွင့်မရှိတာလိုမျိုး အနည်းငယ်သော စည်းကမ်းလေးတွေသာ ရှိပါတယ်. . .
တင်းကျပ်ထားတာမျိုးတော့ မရှိပါဘူး. . .
ဆိုတော့ ကျော့ရှင်းပြီး လှပနုပျိုးတဲ့ ဆန်ယာဆင်းမလေးကို ကောင်လေးချစ်မိသွားတာ မလွန်ဘူးပေါ့နော်. . .

ဒါပေမယ့် ကောင်လေးက လက်ရဲဇက်ရဲ ခပ်ဆိုးဆိုးလေးမို ့ကောင်မလေးခင်ဗျာ ကြောက်နေရှာတယ်. . .
မချစ်ဘူးလို့ တွင်တွင်းငြင်းနေပေမယ့် ကောင်လေးပြန်ခါနီးမှ ဝမ်းနည်းပြီး ကျိတ်ခံစားရတာမျိုး သူ့ဘဝမှာ ရှိလာတဲ့အခါ. . .
ကောင်မလေးနဲ့ ကောင်လေး ဘာတွေဆက်ဖြစ်ကြမလဲ. . .
ဟိုး ဇာတိမြို့ကို ပြန်တဲ့အခါ ကောင်လေးရော. . .လူဆိုးဂိုဏ်းနဲ့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကတော့. . .
ပိတ်ကားပြင်မှာ ကြည့်ရှုအားပေးကြပါလို


 

0 comments:

Post a Comment