Cats & Dogs 3: Paws Unite (2020)


 

Rating : 4.3/10
Country : United State
Genre : Action, Comedy, Family
Cast : Princess Davis, Sarah Giles, Max Greenfield 
Released Date : 2020
Duration : 1h 24min

အညွှန်း
ဒီကားလေးကတော့ Cats&Dogs seriesရဲ့ သုံးကားမြောက်ကားဖြစ်ပေမယ့် ရှေ့ကထွက်ခဲ့တဲ့နှစ်ကားနဲ့ အဆက်အစပ်မရှိပါဘူး။ဇာတ်လမ်းလေးကတော့ ကြောင်ကလေး ဂွမ် နဲ့ ခွေးကလေး ရော်ဂျာတို့ရဲ့ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ စွန့်စားခန်းအကြောင်းကို တင်ဆက်ပေးထားတာပါ။ဟိုးအရင်နှစ်တွေတုန်းက ကြောင်နဲ့ခွေးဆိုတာ အလွန်မတည့်လှတဲ့ရန်ဘက်တွေပါ။ဒါပေမယ့်လည်း ဒီလိုသာဆက်ပြီးရန်ဖြစ်နေကြရင် လူတွေကသူတို့ကိုစိတ်ကုန်သွားမှာစိုးတဲ့အတွက် ငြိမ်းချမ်းရေးယူပြီး F.A.R.Tဆိုတဲ့ အဖွဲ့တစ်ခုကို ဖွဲ့စည်းလိုက်ပါတယ်။ဒီအဖွဲ့အစည်းက ကြောင်နဲ့ခွေးတွေကြားကငြိမ်းချမ်းရေးကို ထိန်းသိမ်းပေးပြီး မကောင်းတဲ့အကြံအစည်တွေကနေလဲ စောင့်ကြည့်ကာကွယ်ပေးထားပါတယ်။”ဂွမ်”နဲ့”ရော်ဂျာ”တို့က ဒီအဖွဲ့ရဲ့အေးဂျင့်တွေဖြစ်တဲ့အတွက် သူတို့ပိုင်ရှင်တွေအပြင်သွားတိုင်း သူတို့လုပ်ရမယ့်တာဝန်ကိုအတူလုပ်ဆောင်လေ့ရှိပါတယ်။ဒီလိုကြောင်နဲ့ခွေးတွေချစ်ကြည်ရေးယူထားပြီး လူတွေရဲ့အချစ်ခံဖြစ်နေတာကို မနာလိုနေကြတဲ့သူတွေလဲရှိပါတယ်။သေချာပေါက် အခြားတိရစ္ဆာန်တွေပါပဲ။ဒါကြောင့်သူတို့က ကြောင်နဲ့ခွေးတွေကြားမှာ ရန်လိုမှုတွေဖြစ်လာအောင် နည်းပညာအကူအညီနဲ့လုပ်ဆောင်ခဲ့ပြီး လူတွေစွန့်ပစ်ခြင်းခံရအောင်ဖန်တီးခဲ့ပါတယ်။ဒီကိစ္စနောက်ကွယ်ကခေါင်းဆောင်ကိုရှာဖွေပြီး ကြောင်နဲ့ခွေးတွေအတွက် ငြိမ်းချမ်းရေးပြန်လည်ဆောင်ကျဥ်းပေးဖို့က “ဂွမ်”နဲ့ “ရော်ဂျာ”တို့ရဲ့ တာဝန်ဖြစ်လာတဲ့အခါမှာတော့…..Animationမဟုတ်တဲ့အတွက် talking animalsလေးတွေရဲ့လှုပ်ရှားပုံတွေကို အသက်ဝင်စွာတွေ့ရမှာဖြစ်ပြီး သူတို့ကြားကပြောစကားလေးတွေက အရမ်းကိုချစ်ဖို့ကောင်းတဲ့အပြင် ဟာသလေးတွေပါရောနှောထားလို့ တိရစ္ဆာန်ချစ်သူတွေအတွက် သေချာပေါက်အကြိုက်တွေ့စေမယ့် ကားလေးဖြစ်ကြောင်း ညွှန်းလိုက်ပါရစေ…

0 comments:

Post a Comment