Butterfly House (2019)


 

Rating : 5.7/10
Country : Vietnam
Genre : Comedy, Drama, Romance 
Cast : Loc Thanh, Quang Minh, Lien Binh Phat  
Released Date : 2019
Duration : 1h 40min

အညွှန်း
တကယ်လို့သင့်မိဘတွေကသာ ဂေးတစ်ယောက်ဖြစ်နေမယ်ဆိုရင်?Netflix မှာပြခဲ့ဖူးတဲ့ ဗီယက်နမ်ကားကောင်းလေးတစ်ကားပါ။ဇာတ်လမ်းအညွှန်း-ဟွမ်ဆိုတဲ့ကောင်လေးက ဟန်နွိုင်းသူတစ်ယောက်နဲ့ကြိုက်မိပါတယ်။တစ်နေရာနဲ့တစ်နေရာဝေးကြတယ်ဆိုတော့ ဟွမ်မိ့ဘတွေကသဘောတူပေမယ့် ဟန်နွိုင်းသူဘက်ကနေရာကွာဝေးတာကြောင့်ရော၊ရှေးရိုးစွဲအမြင်တွေကြောင့် သဘောမတူချင်ပါဘူး။
ဟွမ့်အဖေနဲ့ဟွမ့်ကိုစောင့်ရှောက်လာတဲ့အမေကဂေးဖြစ်ပြီးဟမ်တို့က ဂေးဘားထောင်ထားပါတယ်ဟိုဘက်က ရှေးရိုးစွဲတဲ့မိဘတွေကြောင့် ဟွမ်ကကြီးလာတဲ့အထိစောင့်ရှောက်လာတဲ့ဂေးအမေကို ဖုံးကွယ်ခဲ့ပါတယ်။လူငယ်တွေရဲ့အချစ်ရေးကိုဦးတည်ထားပေမယ့် LGBT ကိုအသားပေးရိုက်ထားတဲ့ကားလေးပါ။ဂေးနေရာမှာ သရုပ်ဆောင်ထားတဲ့သူတွေရဲ့ သရုပ်ဆောင်ကောင်းတာကြောင့်ဇာတ်လမ်းကို စီးမျောသွားပြီး သူတို့နေရာမှာ ခဏတဖြုတ်ပဲဖြစ်ဖြစ် နားလည်ခံစားမိပါတယ်။သူတို့ကြားက သံယောဇဥ်က စိတ်ဝင်စားစရာကောင်းပါတယ်။တကယ်တမ်းဂေးတွေ သူတို့အလုပ်မှာအရမ်းကြိုးစားပြီး respect ရှိတာတွေနေရာတစ်နေရာမှာ ကိုယ့်ကိုကိုယ်ရဲ့ဖြစ်တည်မှုကို အားလုံးနဲ့ဆန့်ကျင်ပြီးရပ်တည်နိုင်ခဲ့တာတွေက သူ့ဟာနဲ့သူတော့ အံသြစရာကောင်းပါတယ်။ဒီကားထဲမှာ သားကိုစောင့်ရှောက်နေတဲ့ဂေးအမေတစ်ယောက်ကို မြင်ရမှာပါ

0 comments:

Post a Comment