Rating : 6.2/10
Country : India
Genre : Comedy, Drama
Cast : Irrfan Khan, Lara Dutta, Om Puri
Released Date : 2009
Duration : 2h 17min
Country : India
Genre : Comedy, Drama
Cast : Irrfan Khan, Lara Dutta, Om Puri
Released Date : 2009
Duration : 2h 17min
အညွှန်း
"သူငယ်ချင်းကောင်းဆိုတာ ဘယ်တော့မှ
မေသဆုံးရတဲ့ အမွတ္တရ တစ္ခုပါပဲ "
လောကရဲ့ ခင်မင်မှုတွေကြား လူ အမျိုးမျိုး အဖုံဖုံ နဲ့ ကျင်လည်ရသည့်နောက်ပိုင်း ကျွန်တော်တို့ဘဝတွေမှာ မှတ်မှတ်ထင်ထင် ကျန်နေခဲ့ရတဲ့ လက်တစ်စုံ ရှိနေတတ်ကြပါတယ်။
ဒါဟာ "သူငယ်ချင်းကောင်း "တစ်ယောက်ပါ။ ဘဝရဲ့ ကြမ္မာတွေ အရ ကွဲကွာသွားကြပေမယ့် လည်း ဒုက္ခတစ်ခု ကို တွဲကူပေးနိုင်ခဲ့သူ ကိုတော့ နာမည်မေ့လေ့မရှိတတ်ကြပါဘူး။
" ကျွန်တော် တို့ဘဝ ရဲ့ အဆိုးရွားဆုံး
ကာလေတြမွာ မည္သူ ဟာ လက္တြဲကူ
ထူ မတ်ပေးနိုင်ခဲ့ပါသလဲ "
ဒီဇာတ်ကားလေးအရ ရွာလေးတစ်ရွာမှာ Billu ( Irrfan Khan )လို့ခေါ်တဲ့ ဆံညှပ်ဆရာ တစ်ဦး ရှိခဲ့တယ်။ သူဟာ ဆင်းရဲသူ တစ်ဦးဖြစ်ပြီး မိသားစုရှေ့ရေးအတွက် ရုန်းကန်နေခဲ့ရပါတယ်။ သားသမီးနှစ်ယောက်ရဲ့ ပညာရေး အတွက် လည်း ကြိုးစားပေးရှာတဲ့ ဖခင်ကောင်း တစ်ယောက်လည်း ဖြစ်ပါတယ်။
တစ်နေ့မှာတော့ ဘောလိဝုဒ် အကျော်မော် Sahir Khan ဟာ ဒီရွာလေးမှာ ရုပ်ရှင်ရိုက်ဖို့ လာရောက်ခဲ့ပါတယ်။ မင်းသားတစ်ယောက် ရောက်နေတာကြောင့် ရွာသူ ရွာသားတွေလည်း တွေ့ချင် မိတ်ဆက်ချင် နေခဲ့ကြတယ်။
ဒီအထဲမှာ Billu သားသမီးတွေလည်း အပါအဝင်ပေါ့။
Billu ကေတာ့ #Sahir ဟာ လွန်ခဲ့တဲ့တချိန်တုန်းက သူနဲ့ငယ်သူငယ်ချင်းဖြစ်ခဲ့ကြောင်း သားသမီးတွေကို ပြောပြခဲ့ပါတယ်။ Sahir ဆီကိုလည်း ခေါ်သွားဖို့လည်း ချွေးသိပ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဆင်းရဲခြင်းအငုံ့စိတ်လေးတစ်ခုနဲ့ ရှင်သန်နေရတဲ့ဘဝမို့ Billu ဟာ Sahir ဆီ မသွားရဲသေးခဲ့ပါဘူး။ Sahir ရဲ့ တုံ့ပြန်မှု ကိုလည်း စိုးထိတ်နေခဲ့မိတယ်။ ချမ်းသာမှု ဆင်းရဲမှု / ကျော်ကြားမှု နိမ့်ကျမှု
ကွဲခြားနေခြင်းတွေက Billu ကို တွေဝေနေစေခဲ့တယ်။
တစ်ဖက်မှာလည်း Billu သားသမီးတွေ ကြွားလုံးထုတ်မှုကြောင့် တစ်ရွာလုံးက Billu ကို ပို အရေးစိုက်လာကြတယ်။ ယခင် ဆင်းရဲသူအပေါ် ဆက်ဆံခြင်းတွေကနေ ပြောင်းလဲ ဆက်ဆံလာခဲ့ကြတယ်။ စီးပွားရေးသမားတွေကလည်း မျက်နှာချိုသွေး လာခဲ့ကြတယ်။ သူတို့အနေနဲ့ Sahir ကို Billu ကတဆင့် အရေးတယူ ဖြစ်စေချင်ခဲ့တယ်။ Celebrity တစ်ယောက်ရဲ့ ခင်မင်မှုမျိုးကို တောင့်တနေခဲ့ကြတယ်။
ဒီလိုနဲ့ Billu ရဲ့ အငုံ့စိတ်နဲ့ လူတွေရဲ့ အတ္တတရားချင်း ပြိုင်ဆိုင်ခဲ့ကြတဲ့အခါမှာတော့ …………????
Billu တစ်ယောက် ဘာတွေ ခံစားခဲ့ရမလဲ။
ဘယ်လို အခြေအနေမျိုးတွေနဲ့ ရိုက်ခတ်ခံရမလဲ။ ဘယ်လို အဆုံးသတ်တွေနဲ့ လူ့သဘော သဘာဝကို အနီးစပ်ဆုံး ရိုက်ပြနိုင်မလဲ ဆိုတာတော့ ရင်ခုန်ရဦးမှာပါ။
လောကမှာ တချို့သော အရာတွေက ရိုးစင်းပြီး ရင်ဘတ်ထဲ တိုးဝင်လာခဲ့မိတတ်ပါတယ်။ ဥပမာ - လေပြေ ညှင်းတစ်ခုကို ရိုက်သွင်းရင်း ကြည်နူးခြင်း ကို ရယူလိုက်နိုင်သမျိုးပေါ့။
ဒီဇာတ်ကားလေးက ထိုအတိုင်းပါပဲ။ ရိုးရိုးလေး ရိုက်ပြသွားပြီး လူ့စိတ်အထွေထွေကို တလွှာချင်းခြွေပြနေတာက ကြည့်ရသူအဖို့
ကြွေကျနေသလိုပါ။ အမြင်တွေ အထင်တွေနဲ့
နှိုင်းယှဉ်ခြင်း တွေ ပြောင်းလဲခြင်း သဘောတရားတွေလည်း ဒီကားလေးမှာတွေ့မြင်နိုင်ပါသေးတယ်။
ဒါ့ပြင် အများသိနေကြအတိုင်းပါပဲ။ Irrfan Khan ရဲ့ ရုပ်ရှင်တွေဟာ ရသတစ်ခုခုကို ပေးစွမ်းနိုင်ခဲ့ပါတယ်။ ဒီထက် ပိုတာက ဒီဇာတ်ကားကို ရှာရွတ်ခမ်း က ထုတ်လုပ်သူအဖြစ် တွဲဖက်သရုပ်ဆောင်ခဲ့တာပါ။ ဒီဇာတ်ကားရဲ့ စကားအသုံးအနှုန်းတွေ / သဘာဝကျကျ သရုပ်ဆောင်မှုတွေက ဆွဲဆောင်နိုင်စေခဲ့ပါတယ်။
မိတ်ဆွေ
" သင့် ရဲ့ အကောင်းဆုံး သူငယ်ချင်းတစ်ယောက် ကို ဘယ်အချိန်ထိ သတိရနေဦးမလဲ "
0 comments:
Post a Comment