Apocalypse Now (1979)


 

Rating : 8.4/10
Country : United State
Genre : Drama, Mystery, War 
Cast : Martin Sheen, Marlon Brando, Robert Duvall 
Released Date : 1979
Duration : 2h 27min

အညွှန်း
ပြောကြတာတော့ Apocalypse Nowဟာ
အကောင်းဆုံးစစ်ကားတဲ့။ ကျွန်တော်တော့ စစ်ကား
တစ်ကားလို့ကိုမမြင်မိဘူး။သမိုင်းလည်းမှန်လှတယ်မဟုတ်ဘူး။
သမိုင်းဆိုတာ စစ်နိုင်တဲ့ဘက်က ရေးကြတာဆိုတော့
ရေးထားတဲ့သမိုင်းလည်း မှန်ချင်မှမှန်မှာဖြစ်တဲ့အတွက်
ဒါကလည်းအရေးမပါလှဘူး။
စစ်ပွဲတစ်ပွဲမှာ ဘာတွေမြင်ရမလဲ။
လက်နက်တွေ ပေါက်ကွဲမှုတွေ သေကြေမှုတွေ
အလောင်းတွေ သွေးတွေ။ ဒီအပေါ်ယံအမြင်တွေ
အကုန် ဖယ်ကြည့်လိုက်ရင် စစ်ပွဲမှာ ကျွန်တော်တို့
အထင်ရှားဆုံးမြင်ရမယ့် အရာက လူ့စိတ်ပါပဲ။ ဒါရိုက်တာ
ဖရန်စစ် ကော်ပိုလာက ဒီအချက်ကို အရဖမ်းသွားတယ်။
ဒါကြောင့်ပဲ ဒီရုပ်ရှင်ဟာ စစ်တိုက်ခန်းနည်းနည်း
စကားများနေတာများများနဲ့ အကောင်းဆုံးစစ်ကားဖြစ်သွားခဲ့
တယ်။ ဒီကားကြည့်ပြီး ခင်ဗျားရူးချင်သွားတယ်ဆိုရင်လည်း
မထူးဆန်းဘူး ဒါရိုက်တာရော မင်းသားရော ဒီရုပ်ရှင်ရိုက်နေတုန်း
ရူးချင်ချင် သေမလိုလိုဖြစ်သွားခဲ့ကြဖူးတယ်။
အဓိကပြချင်တာဘာလဲတော့ ကျွန်တော်လည်းမသိဘူး။
ယူသလိုပဲရလိမ့်မယ်။ အရူးတွေရိုက်ထားတဲ့ကားဆိုတော့
ကြည့်ပြီးရူးသွားလည်း သိပ်တော့အံ့ဩစရာမရှိဘူး။
ဒီရုပ်ရှင်ရဲ့ တစ်ချို့ဇာတ်ကွက်တွေအရတော့ ဒါရိုက်တာကို
အမေရိကန်မှဟုတ်ပါလေစလို့ ပြန်ရှာကြည့်လိုက်ရတယ်။ သူရဲဘောကြောင် အနိုင်ကျင့်တတ်တဲ့ တစ်စက်မှသုံးမရတဲ့
အမေရိကန်စစ်သားတွေအကြောင်းကို ဒါရိုက်တာက
ခဏခဏကို ပြသွားတယ်။ ဒီထဲကအမေရိကန်စစ်သားတွေက
ပုံမှန်မြင်‌နေကြတွေလို သနားစိတ်အပြည့်နဲ့ လူတော်Great
ကြီး‌တွေမဟုတ်ဘူး။ စစ်သားတွေရဲ့ ကြောက်စိတ်နဲ့
စစ်မှုထမ်းတွေရဲ့ တလွဲလုပ်ရပ်တွေ အတော်မြင်ရတယ်။
မတော်လို့ကျွန်တော်တို့စစ်ထဲ၀င်ကြရင် ဖြစ်‌နေမယ့်ပုံစံမျိုး‌ပေါ့။
အမေရိကန်တွေနဲ့ သူတို့တိုက်နေတဲ့သူပုန်တွေကြားက
အမှန်အမှားဆိုတာ ဆပ်ပြာပူဖောင်းလွှာကလေးလို
ပါးလျနေတာကို ဒါရိုက်တာက ကောင်းကောင်းကြီး
ပြသွားတယ်။လူသားဆန်မှု စစ်ပွဲမှာ လူသားဆန်မှုက အရေးကြီးသလား
ဒီအဖြေကို ရုပ်ရှင်ထဲ မာလွန်ဘရန်ဒိုကြီးဖြေသွားတဲ့
အဖြေက ကြက်သီးထစရာကောင်းတယ်။ ဒီစစ်ကားက
စစ်တွင်းတိုက်ခိုက်မှုပါရုံထည့်ပြီး စစ်သားတစ်ယောက်ရဲ့
စိတ် ဒါမှမဟုတ် စစ်သားတစ်ယောက်မှာရှိရမယ့်စိတ်ကို
သူ့အမြင်အရကောင်းကောင်းသုံးသပ်ပြသွားတယ်။
အဲ့ဒီအမြင်ကို လူတိုင်းတော့ လက်ခံနိုင်မယ်မထင်ဘူး။
ဘာလို့ဆို မာလွန်ဘရန်ဒိုရဲ့ဇာတ်ကောင်
ကာလ်နယ်ကတ်ဇ်ရဲ့ အမြင်ဟာ ဘယ်လိုမှ လူမဆန်ဘူး။
အမေရိကန်ဟာ ဗီယက်နမ်လိုနေရာမျိုးမှာ စစ်နိုင်ဖို့
ဘာမှမခက်ပါဘူး။ ခက်နေတာက လုပ်ချင်သလိုလုပ်ရင်
ဖြစ်လာမယ့် ကမ္ဘာ့နိုင်ငံတွေရဲ့ အမြင်ပါပဲ။ကမ္ဘာ့နိုင်င‌ံရေးမှာ
တစ်ခါတလေ စစ်ရေးတွေဟာ ထိုးကြွေးခံရတဲ့ နယ်ရုပ်တွေ
ပါပဲ။ကာလ်နယ်ကတ်ဇ်လို စစ်သားတစ်ယောက်ရဲ့
အမြင်မှာကျ ဒါတွေက မဖြစ်သင့်တဲ့အရာတွေပဲ။
သူ့အမြင်မှာ စစ်သားကောင်းဟာ လူကောင်းမဖြစ်နိုင်ဘူး
လို့ ယူဆတယ်။ စာနာမှုရှိတဲ့စစ်သားဟာ စစ်သားကောင်း
မဟုတ်ဘူးပေါ့။‌ဒီတော့ သူသူလျှိုလို့ယူဆတဲ့ လူလေးယောက်ကို
အထက်မိန့်မရဘဲ သတ်ပစ်လိုက်တယ်။ဒီ အမိန့်ဖီဆန်ပြီး
တောခိုသွားတဲ့ ကာလ်နယ်ကတ်ဇ်ကို လုပ်ကြံဖို့
အထူးတပ်သားတစ်ယောက်ကို ကမ္ဘောဒီးယား ဗီယက်နမ်
နယ်စပ်ကိုလွှတ်လိုက်တယ်။ သူ့ဇာတ်အိမ်က
ဒီလောက်ပါပဲ။တစ်ခုရှိတာက ခင်ဗျားသာ သေချာ
စီးမျောပြီးကြည့်မယ်ဆိုရင် အဲ့ဒီခရီးမှာ ခင်ဗျားလည်း
ပါသွားလိမ့်မယ်။ အပြန်လမ်းမှာတော့ ခင်ဗျားဟာ
အရင်က ခင်ဗျား ဟုတ်ချင်မှလည်းဟုတ်တော့မယ်။
ခင်ဗျားသာ ဒီရုပ်ရှင်အပြီး အမှန်နဲ့အမှားကြား
ဝေခွဲမရဖြစ်နေခဲ့ရင် ကိုယ့်ရွေးချယ်မှုကိုပဲ
ယုံလိုက်ဖို့ပြောချင်တယ်။ ဒီရုပ်ရှင်ထဲမှာမှမဟုတ်ဘူး။
တကယ့်ကမ္ဘာကြီးမှာလည်း အမှန်နဲ့အမှားကြားက
မျဉ်းကသိပ်ပါးတယ်။ အမှန်နဲ့အမှားထက် ပိုအရေးကြီးတာက
ကျွန်တော်တို့ရဲ့ ရွေးချယ်မှုပဲ။ ကာလ်နယ်ကတ်ဇ်က
ဒီအကြောင်းကို ကောင်းကောင်းကြီး သဘောပေါက်ခဲ့တယ်။
ဝီလ်လတ်ကလည်း သူသိတဲ့အမှန်ကို ကျောခိုင်းပြီး
သူလုပ်ရမယ့်အရာကိုလုပ်ခဲ့တယ်။
ဒိုင်ယာလော့ထဲမပါတဲ့ ဝီလ်လတ်ရဲ့စကားကိုတော့
ကျွန်တော်ကြားနေရတယ်။
အရူးတွေကြားမှာ သွားမှန်နေလို့မရဘူး။ သူတို့နဲ့မတူရင်
အရူးတွေအတွက် ခင်ဗျားက အရူးဖြစ်သွားလိမ့်မယ်တဲ့။Apocalypse Nowကို God Fatherရုပ်ရှင်ရဲ့
ဒါရိုက်တာ ဖရန်စစ်ကော်ပိုလာကရိုက်ထားတဲ့အပြင်
God Fatherကြီး မာလွန်ဘရန်ဒိုက Second leadနေရာက
သရုပ်ဆောင်ထားတယ်။ ရုပ်ရှင်ဓာတ်ပုံပညာနဲ့
အသံပိုင်းဆိုင်ရာမှာ အော်စကာနှစ်ဆုရထားတဲ့အပြင်
Greatest War Film of All Timeလို့
သတ်မှတ်ခံထားရတဲ့ ရုပ်ရှင်ပါပဲ။

0 comments:

Post a Comment