When I Was The Most Beautiful (2020)

 

16 Episodes


Rating : 8.5/10
Country : South Korean
Genre : Romance,Drama,Melodrama
Cast : Im Soo Hyang,Ji Soo,Ha Seok Jin,Hwang Seung Eon

ညီအစ်ကိုနှစ်ယောက်လုံး မိန်းကလေးတစ်ယောက်ကို တစ်ပြိုင်တည်းချစ်မိတဲ့ ဒီသုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးပါ။တစ်ဖက်သတ် ချစ်ရတဲ့နေရာမှာပဲ နာမည်ကြီးတဲ့ မင်းသား Ji Sooနဲ့ My ID is Gangnam Beautyထဲက မင်းသမီး Im Soo Hyangတို့ကို အတွဲညီညီတွေ့ရမဲ့ ကားပါ။

ဇာတ်လမ်းက
Oh Ye Ji (Im Soo Hyang) သည်ကြွေထည်ပန်းချီပညာရှင်တစ်ယောက်။ဖြစ်ချင်တာကို ဖြစ်ရမယ်ပဲ ဆိုတဲ့စိတ်နဲ့ အရူံးမပေးတတ်တဲ့သူပေါ့။သာမာန်ဘဝနဲ့ပဲ နေချင်တဲ့ စိတ်ကူးခဲ့ပေမဲ့ ကောင်လေးနှစ်ယောက်က သူမ ဘဝထဲကို တစ်ပြိုင်နက်တည်း ဝင်လာချိန်မှာတော့ မထင်မှတ်တဲ့ ကံကြမ္မာဆိုးတစ်ခုဖြစ်လာပါတော့တယ်။

Seo Hwan (Ji Soo)က ဗိသုကာဒီဇိုင်းပညာရှင်တစ်ယောက် ဖြစ်သလို ကြွေထည်ပညာရှင် Oh Ye Ji ကလည်း သူ့ရဲ့ အချစ်ဦးပေါ့။Seo Hwan ရဲ့ စရိုက်က အေးဆေးသလို သူ့ရဲ့ အချစ်ကလည်း အစ်ကိုဖြစ်သူ Seo Jinနဲ့ ဆန့်ကျင်ဘက် ဖြစ်သူပါ။ချစ်ရတဲ့ မိန်းကလေးက အစ်ကိုဖြစ်သူကလည်း သဘောကျနေတာကို သိခဲ့ပေမဲ့ သူ့အချစ်ဦးကို သူ ဆက်ချစ်နေတဲ့ ကောင်လေးပေါ့။

Seo Jin (Ha Seok Jin)က ပြိုင်ကားမောင်တဲ့နေရာမှာတော်သလို သူ၏ပြိုင်ပွဲအသင်း၏ခေါင်းဆောင်တစ်ယောက်။အပြင်ပန်းကြည့်ရင် ဆေးအေးတည်ငြိမ်သလောက် အတွင်းသဘောကတော့ အနိူင်ရဖို့အတွက်ဆို ဘာမဆို လုပ်တတ်သူမျိုးပေါ့။အဖေဖြစ်သူရဲ့ အလုပ်ရုံဆွေးနွေးပွဲမှ Oh Ye Jieနဲ့တွေ့ပြီး စိတ်ဝင်စားလာသူပေါ့။

Carry Jung(Hwang Seung Eon) က Seo Jin ရဲ့ ရည်းစားဟောင်းရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်၊ သွက်လက်တဲ့ ဈေးကွက်ရှာဖွေရေးဌာနကပေမဲ့ တစ်ကိုယ်ကောင်းဆန်တတ်သူ‌ပေါ့။Seo Jinကိုလည်း တစ်ဖက်သတ်ကြိုက်နေသူ။
သုံးပွင့်ဆိုင် တိုင်း သူစိမ်းနဲ့ဆို အလျော့ပေးဖို့ မလွယ်ပေမဲ့ ညီအစ်ကိုနှစ်ယောက်က ကော သူတို့ချစ်တဲ့ ကောင်မလေးကို ရဖို့ ဘယ်လိုတွေကြိုးစားမလဲ။
ပြိုင်ကားတွေရဲ့ ဘုရင်လို့ခေါ်ရမဲ့ အစ်ကိုဖြစ်သူကိုပဲရွေးမလား။
ခပ်အေးအေးနဲ့ ကိုယ့်ကိုယ် အချစ်ဦးလို့ သတ်မှတ်ထားတဲ့ အနုပညာဖန်တီးမှုမှာ စိတ်ကူးတူတဲ့
ဗိသုကာ ပညာရှင် ညီ ကိုပဲရွေးမလား။

ညီအစ်ကိုနှစ်ယောက်ကကော ကိုယ့်က ချစ်တဲ့သူနဲ့ကိုယ့်ကိုယ်ချစ်တဲ့သူကြားက ဘယ်သူ့ကိုရွေးရင်း ပြိုင်ဆိုင်ကျမလဲ

0 comments:

Post a Comment