Tribal Get Out Alive (2020)

 

Rating : 6.6/10
Country : United State
Genre : Action, Horror, Thriller  
Cast : Zara Phythian, Ross O'Hennessy, Rachel Warren
Released Date : 2020
Duration : 1h 26min

အညွှန်း
ကယ်လင်ဟာ စစ်တပ်မှ စောစီးစွာ ​အနားယူခဲ့တဲ့ စစ်သမီးတစ်ဦးပါ။ သူမဟာ စစ်တပ်ကနေ ထွက်လာပြီး လုံခြုံရေး ကုမ္ပဏီသေးသေးလေးမှာ အရန်တပ်ဖွဲ့ဝင်အနေနဲ့ အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ စစ်တပ်မှာ ကြုံတွေ့ခဲ့တယ် ကိစ္စလေးတွေကြောင့် စိတ်မတည်မငြိမ်ဖြစ်ခြင်းကို တစ်ခါတစ်လေမှာ ခံစားနေရသူပါ။

သူမရဲ့ဘေးမှာ အမြဲရှိနေတာကတော့ စစ်ထွက်တစ်ယောက်ဖြစ်တဲ့ သူငယ်ချင်းဖြစ်သူ ဘရတ်ပါ။ သူမတို့ရဲ့ အလုပ်က ရဲတွေလို လူဆိုးလိုက်ဖမ်းနေရတာ မဟုတ်ပဲ အစောင့်အကြပ်အနေနဲ့သာလုပ်ကိုင်ရတာပါ။

တစ်နေ့မှာတော့ ခေါင်းဆောင်ဖြစ်သူက သူမနဲ့ ဘရတ်ကို တာဝန်တစ်ခုပေးအပ်လိုက်ပါတယ်။ အဲ့တာကတော့ အမွေရထားတဲ့ သူဌေးသားလေးတစ်ယောက်ရဲ့ ခြံထဲကို အိမ်ခြေမဲ့လူတွေ မဝင်လာအောင် စောင့်ကြည့်ခိုင်းတာပါ။ တာဝန်က ရိုးရိုးလေးပါပဲ။

ဒါပေမယ့် နောက်ပိုင်းမှာအိမ်ခြေမဲ့လူတွေရဲ့ မူမမှန်တဲ့ အပြုအမူတွေကို တွေ့လာရပါတယ်။ သူတို့ရဲ့ ကြမ်းတမ်းတဲ့ အပြုအမူတွေကြောင့် အဲ့ဒီခြံထဲကနေ ကယ်လင်နဲ့ ဘရတ်တို့တွေ အဖွဲ့သားတွေ အသက်ရှင်လျက်ထွက်ဖို့ ကြိုးစားလာပါတော့တယ်။ ဒီအိမ်ခြေမဲ့လူတွေ ရဲ့ အပြုအမူတွေ နောက်ကွယ်မှာ ဘာတွေရှိနေမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပေးကြပါဦး။

0 comments:

Post a Comment