The Maid (2020)

 

Rating : 5.6/10
Country : United State
Genre : Drama, Fantasy, Horror
Cast : Ploy Sornarin, Kannaporn Puangtong, Savika Chaiyadej 
Released Date : 2020
Duration : 1h 40min

အညွှန်း
2020ထွက် horror /thriller ထိတ်လန့်ခြောက်ခြားဖွယ်ကားလေးတစ်ကား တင်ဆက်ပေးပါရစေ.Imdbကလဲ 5.6ဆိုတော့ ဇာတ်ကားကောင်းတစ်ကားဆိုတာညွှန်းနေဖို့ လိုမယ်မထင်ပါဘူး.ဇာတ်လမ်းအကျဉ်းကတော့ အိမ်စေ မမြဲတဲ့ စံအိမ်ကြီးတစ်လုံးကို
ဂျွိုင်းဆိုတဲ့ ကောင်မလေးဟာ ရောက်လာခဲ့ပါတယ်.ဒီစံအိမ်ကြီးမှာ အလုပ်လုပ်ချင်ရင် လိုက်နာရမယ့် တစ်ခုတည်းသောစည်းကမ်းကတော့ “မစပ်စုရဘူး”ဆိုတာပါပဲ.ဂျွိုင်းဟာ စံအိမ်ကြီးကို ရောက်တည်းက စိတ်ထဲ မလုံခဲ့ပါဘူး.စံအိမ်ပိုင်ရှင်သခင်မရဲ့ သမီးလေးနစ်ဒ်ဟာလဲ သရဲတွေကိုမြင်ရတယ်ဆိုပြီးပြောနေတဲ့ စိတ်ဝေဒနာရှင်မလေးပါ.ဂျွိုင်းဟာ နစ်ဒ်နဲ့ ရင်းနှီးလာတဲ့ အခါမှာတော့ ဒီအိမ်ကြီးမှာဘယ်သူမှ မသိတဲ့မိန်းမတစ်ယောက်ရှိနေတာကိုမျက်မြင်ကိုယ်တွေ့ကြုံခဲ့ရပါတယ်.ဂျွိုင်းဟာ အိမ်သူအိမ်သားတွေကို မေးကြည့်တော့သူမြင်ခဲ့တဲ့ မိန်းမဟာ ဒီအိမ်ကနေ ဘယ်သူမှမပြောပဲထွက်သွားခဲ့တာပါဆိုတဲ့ အဖြေကလွဲပြီးတိတိကျကျမသိခဲ့ရပါဘူး.ဂျွိုင်းဟာ စပ်စုချင်စိတ်ကြောင့် စူးစမ်းရင်း အဲ့ဒီမိန်းမကဘယ်သူဆိုတာ သိခဲ့ရပါတယ်.သူရဲ့သိရခြင်းတွေကတော့ ဇာတ်သိမ်းမလှခဲ့ပါဘူး.ဂျွိုင်း သိခဲ့ရတာက ဘာဖြစ်မလဲ?အဲ့ဒီမိန်းမက လူလား ဒါမှမဟုတ် နာနာဘာဝလား?ဒီစံအိမ်ကြီးမှာ ဘာတွေ ဖုံးကွယ်ထားတာရှိလဲဆိုတာကိုမထင်မှတ်ထားတဲ့ ဇာတ်ကွက်အပြောင်းအလဲတွေနဲ့ဇာတ်သိမ်းပိုင်းထိ ဆွဲဆောင်နိုင်တဲ့ဇာတ်လမ်းတပုဒ်မလို့ ရုပ်ရှင်ချစ်သူတို့ကြည့်ဖို့ ညွှန်းလိုက်ပါရစေဗျာ.

0 comments:

Post a Comment