Skin Walker (2019)

 

Rating : 7.6/10
Country : United State
Genre : Drama, Horror, Thriller 
Cast : Amber Anderson, Udo Kier, Jefferson Hall
Released Date : 2019
Duration : 1h 27min

အညွှန်း
ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ ကားလေးကတော့ ခြောက်ခြားဖွယ်ရာလူသတ်ကားလေးကို မိသားစုဒရမ်မာပုံစံနဲ့ရော နှောရိုက်ပြထားတဲ့ကားလေးပါ။

ဇာတ်လမ်းကိုညွှန်းရမယ်ဆိုရင်တော့ အတိတ်ကအကြောင်းအရာတွေ မေ့ပစ်ပြီးတော့ ပျော်ရွှင်တဲ့မိသားစုဘ၀လေးကို တည်ဆောက်ဖို့ကြိုးစားနေတဲ့ ရီဂျင်း…………

သူလိုချင်တဲ့ မိသားစုဘ၀လေးကိုမရတဲ့အပြင် အကြောင်းတစ်ခုကြောင့် အတိတ်ဆိုးတွေရှိခဲ့တဲ့ ဇာတိက မိသားစုအိမ်လေးကိုပြန်ဖို့ ဖြစ်လာပါတယ်။ အစထဲ စိတ်ရောဂါရနေတဲ့ရီဂျင်းဟာ အိမ်ကြီးကိုပြန်ရောက်လာပြီး အတိတ်ကအကြောင်းအရာတွေနဲ့ ပြန်လည်ထိ‌တွေ့မိလာတဲ့အခါ ခြောက်ခြားဖွယ်ရာလူသတ်မှုတွေကို ကျူးလွန်လာပါတော့တယ်။

ဒီလိုနဲ့သူ့ရဲ့ မိသားစုကရော ဘယ်လိုအတိတ်ဆိုးတွေရှိနေတာလဲ ဘယ်လိုအရာတွေကြောင့်များ ရီဂျင်းစိတ်ဒဏ်ရာရတဲ့အထိဖြစ်ခဲ့ရတာလဲ ဒီလူသတ်မှုတွေကိုရော ထိန်းချုပ်နိုင်မှာလား ဘယ်သူတွေကထိန်းချုပ်ပေးမှာလဲ……… စတာတွေကို ဒီကားလေးထဲမှာ ခြောက်ခြားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။

0 comments:

Post a Comment