Random Acts of Violence (2019)

 

Rating : 4.9/10
Country : United State
Genre : Horror
Cast : Jesse Williams, Jordana Brewster, Jay Baruchel 
Released Date : 2019
Duration : 1h 20min

အညွှန်း
ဒီဇာတ်ကားလေးက အချို့ပြသနာတွေက မထင်မှတ်ပဲ ကိုယ်ကဖန်တီးမိတဲ့အကြောင်းပါ

တော့ ဝေါလေဆိုတဲ့နာမည်ကြီးကာတွန်းဆရာတစ်ယောက်ပါ

သူရဲ့နာမည်ကြီးစလက်ရှာမန်းဆိုတဲ့ ကာတွန်းဟာ အကြောင်းပြချက်မရှိ လူလိုက်သတ်နေတဲ့ လူသတ်သမားအကြောင်းပါ

အရင်ခေတ်တွေကနာမည်ကြီးခဲ့တဲ့လူသတ်မှုတွေကိုအခြေ ခံပီးပြန်ဆွဲထားတာပါ

တော်တော်လေးနာမည်ကြီးနေတဲ့ အတွက် အင်တာဗျုးတွေဖြေဖို့ သူရည်းစား ကိတ် ရယ် သူ့ရဲ့ထုတ်ဝေပေးသူ အက်ဇရာ နဲ့ လက်ထောက် အယ်ရိုရာ ရယ်နဲ့ ခရီးထွက်လာခဲ့ပါတယ်

တော့ဟာ သူရဲ့ဇာတ်ကောင်လူသတ်သမားအပေါ် အခြားလူတွေမြင်သလို ရက်စက်လွန်းတယ်လို့မမြင်ပါဘူး တစ်မျိုးမြင်ထားတဲ့လူပါ ဇာတ်သိမ်းအတွက်လည်းထူးထူးခြားခြားဖြစ်စေချင်လို့ ဇာတ်သိမ်းအတွက်အမြဲစဥ်းစားနေသူပါ

သူတို့ရောက်တဲ့ ​မြို့တွေမှာ သူရောက်တော့မှ ကာတွန်းထဲကအတိုင်း လူသတ်မှုနေဖြစ်နေပါတယ်
တော့နဲ့ သူ့ကောင်မလေး သူ့ထုတ်ဝေသူနဲ့ လက်ထောက်တို့က ဖြစ်လာတဲ့ပြသနာတွေကို ဘယ်လိုရင်ဆိုင်ကြမလဲ

လူသတ်သမားကတကယ်ရှိနေခဲ့တာလား
တော့ ကရော လူသတ်သမားအပေါ်ဘယ်လိုတွေးမြင်ထားတာလည်း
ကာတွန်းရဲ့ဇာတ်သိမ်းကရော ဘယ်လိုဖြစ်လာမှာလဲ

ဇာတ်ကားထဲကအကြိုက်ဆုံးစာသားကတော့ ‘မင်းများများကြည့်လေလေ နည်နည်းပဲမြင်လေပါပဲ ‘
အချို့အရာတွေကကိုယ်ထင်တာနဲ့တလွဲ ပြောင်းပြန်တွေဖစ်​​ေနတတ်ပါတယ်
အစပိုင်းမှာ အေးအေးလေးလာပေမဲ့ နောက်ပိုင်းတွေမှာ စိတ်လှုပ်ရှားစရာအခန်းများ ပါတဲ့အတွက် ကြည့်ရှု့ရမယ့်ဇာတ်ကားလေးဖြစ်ပါတယ်

0 comments:

Post a Comment