Queen Seon Duk (2009)

62 Episodes


Rating :  8.6/10
Country : South Korean
Genre : Historical,Romance,Drama,War,Tragedy,Political
Cast : Lee Yo Won,Go Hyun Jung,Park Ye Jin,Yoo Seung Ho,Kim Nam Gil,Uhm Tae Woong

၂၀၀၉ ခုနှစ်က MBC ရုပ်သံထုတ်လွှင့်ပြသခဲ့တာဖြစ်ပြီး အပိုင်းအရေအတွက် (၆၂)ပိုင်း ပါဝင်တဲ့ ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။ Night Light,49 Days,Different Dream တို့ထဲက မင်းသမီး Lee Yo-Won အဓိက ပါဝင်ထားပြီး နောက်ထပ် Go Hyun-jung,Park Ye-jin,Uhm Tae-woongနဲ့Kim Nam-gil တို့လို သရုပ်ဆောင်ပေါင်းများစွာ ပါဝင်ထားပါသေးတယ်။

ဇာတ်လမ်းအကြောင်းအရာလေးက - ဘုရင်မ Seondeok ရဲ့အတ္ထုပ္ပတ္တိဖြစ်ပါတယ်။

ကိုရီးယားနိုင်ငံရဲ့ဘုရင်ခေတ်မှာ ဘုရင်တွေအမြွှာမွေးတာ ပြဿနာတော်တော်ကြီးတယ်။ ဘုရင်အမြွှာမွေးရင် တိုင်းပြည်ပျက်မယ် ဘလာ..ဘလာပေါ့...အယူသီးတယ်ဆိုရမှာပေါ့။

ဘုရင်ဂျင်ဟောင် နန်းတက်စဉ်မှာ ဘုရင်မ Maya နဲ့ အမြွှာသမီးလေးမွေးတယ်။ တစ်ယောက်တည်းမဟုတ်ပဲ အမြွှာလေးမွေးတော့ ဘုရင် ​ေ-ာက်ပြဿနာတက်ရော။ နန်းလုချင်တဲ့ ဘုရင်မ မီရှီရဲ့ ရန်ကိုကြောက်တာရ၊အဖေဆိုတော့ သမီး၂ယောက်လုံး အသတ်ခံရမှာစိုးတာနဲ့ တစ်ယောက်ကို နန်းတော်အပြင်ကို စေလွှတ်ပီး နန်းပြင်မှာပဲ ကြီးပြင်းစေတယ်။ မကြာပါဘူး ဘုရင်ဂျင်ဟောင် နန်းရွာစံပါလေရော၊ အရင်တည်းက နန်းစည်းစိမ်အာဏာလိုချင်နေတဲ့ ဘုရင်မ မီရှီ လက်ချက်ပဲပေါ့။ မီရှီလက်ထဲ ရာဇပလ္လင်ရောက်တဲ့သတင်းဟာ နန်းတော်အပြင်ကိုရောက်တဲ့အခါမှာ ငယ်ငယ်လေးတည်းက နန်းပြင် စေလွှတ်ခံခဲ့ရတဲ့ ဘုရင့်သမီးတော်လေးဟာ သူမဘ၀အမှန်ကို သိပြီးရော အထုပ်ကိုဆွဲ လက်စားချေမယ်ဆိုပြီး နန်းတော်ထဲ ပြန်ဝင်လာတဲ့အခါမှာ နန်းတွင်းရဲ့အရှုပ်တော်ပုံကို ကြည့်ရှုခံစားပေးပါဦး။

ဒီဇာတ်လမ်းတွဲဟာ ဘုရင်ဂျင်ဟောင် နန်းတက်စဉ်ကနေ ဘုရင်မ Seondeok နန်းသက် အဆုံးထိ ဖြစ်ပါတယ်။

0 comments:

Post a Comment