Project Power (2020)

 

Rating : 6.1/10
Country : United State
Genre : Action, Crime, Sci-Fi 
Cast : Jamie Foxx, Joseph Gordon-Levitt, Dominique Fishback 
Released Date : 2020
Duration : 1h 51min

အညွှန်း
Netflix က​နေ ဒီ​နေ့ပဲထွက်လာတဲ့ Project Power ဆိုတဲ့ ဇာတ်ကား​လေးနဲ့ မိတ်ဆက်​ပေးပါ့မယ်။ Project Power က​တော့ ကျွန်​တော်တို့ ငယ်ငယ်တုန်းက ​တွေးထားသလိုမျိုး ဘာ​ဆေး​သောက်ရင် ဘာဖြစ်မယ်ဆိုတာမျိုး ဘာအ​ရောင်​လေး​သောက်ရင် ဘာဖြစ်မယ်ဆိုတာ​​တွေ မှတ်မိကြလား။ ဒီကားကလဲ ဒီသ​ဘောပါပဲ Power ဆိုတဲ့ ​ဆေးလုံး​ပေါ့။ ဒီ​ဆေးလုံးက​တော့ အ​ရောင်​တွေ ဘာညာမရှိဘူး တစ်မျိုးထဲပဲ။ ဘာအစွမ်းရမယ်ဆိုတာလဲ မသိဘူး။ အခန့်မသင့်ရင် ​သေပါ​သေနိုင်ပါတယ်။

ဇာတ်လမ်းရဲ့ အစမှာ​တော့ ဒီ Power ဆိုတဲ့ ​ဆေးကို​ရောင်းတာနဲ့ အစပြုထားပါတယ်။ Power ကို​ရောင်းပြီး​တော့ ​ငွေရှာကြတယ်​ပေါ့ဗျာ။ ​သိတဲ့အတိုင်းပဲ ဒီလို​ဆေးမျိုးဆိုတာ လူတိုင်း​သောက်ချင်ကြတယ်​လေ။ အထူးသဖြင့်​​​တော့ လူငယ်​တွေ လမ်း​ပေါ်ကလူ​တွေအတွက်​တော့ အကြိုက်​ပေါ့ လုပ်ချင်တာလုပ်လို့ရသွားနိုင်တယ်​လေ။ ဆိုးတာက​​​တော့ ​စျေးများတာပါပဲ။ ​စျေးများတယ်ဆိုတာကလဲ အ​ကြောင်းရှိပါတယ်။ ဂိုဏ်းအဖွဲ့​တွေကို ဦးတည်ဖို့ပါ။ အဲ့ဒီက​နေမှ အစိုးရကို ဖြုတ်ချမယ်​ပေါ့ဗျာ။

Power ကို​ရောင်းတဲ့ Robin ဆိုတဲ့ က​လေးမတစ်​ယောက်ရှိတယ်။ သူ့ရဲ့ ​ဘော်ဒါက​တော့ Frank လို့​ခေါ်တဲ့ရဲဝန်ထမ်းတစ်​ယောက်ပါ။ ရဲဝန်ထမ်းနဲ့ ဒီလို​ဆေး​ရောင်းတဲ့​ကောင်မ​လေးနဲ့က ဘယ်လို​​ဘော်ဒါဖြစ်လဲ​ပေါ့။ တကယ်​တော့ Frank က ​ဆေးသုံးတဲ့ လူဆိုး​တွေကို ပြန်ချဖို့အတွက် Robin ဆီက​နေ ​ဆေး​တွေဝယ်တဲ့ရဲပါ။ ​ဆေးသုံး​ပေမဲ့လဲ ​ကောင်းတဲ့ရဲ​ပေါ့။ ​နောက်တစ်​ယောက်က​တော့ Art ပါ။ သူက​တော့ ဘယ်သူဘယ်ဝါမှန်း မသိရ​သေးပဲ ဒီ​ဆေး​တွေဘယ်က​နေထွက်လဲဆိုတာကိုတစ်ကိုယ်​တော်ရှာ​နေတဲ့ လူ​တစ်​ယောက်ပါ။

Art ​နေရာမှာ သရုပ်​ဆောင်တာက​တော့ 2004 ခုနှစ်မှာ အ​မေရိကန်လူမဲအဆို​တော် Ray Charles ရဲ့ Biography ရုပ်ရှင် Ray ဇာတ်ကားနဲ့ Oscar ရထားတဲ့ Jamie Foxx ပါ။ Django Unchained Just Mercy နဲ့ Baby Driver တို့အပါအဝင် The Amazing Spider-Man 2 မှာလဲ ပါဝင်သရုပ်​​ဆောင်ထားပါတယ်။

​နောက်တစ်​ယောက်က​တော့ Frank ပါ။ သူက​တော့ 500 Days of Summer လို့​ပြောလိုက်တာနဲ့ တန်းသိကြ​လောက်တဲ့ Joseph Gordon-Levitt ပါ။ အခု​က​တော့ Summer ကိုကြိုက်တာ​တွေ မကြိုက်တာ​တွေ​တော့ မ​ပြော​တော့ပါဘူး။ Fixies Bike စီးတဲ့သူ​တွေဆိုရင်​တော့ Premium Rush ဆိုတဲ့ ကား​လေးကို သွားကြည့်ဖို့ညွှန်းချင်ပါတယ်။

​နောက်ဆုံးတစ်​ယောက်က​တော့ Robin အဖြစ် သရုပ်​ဆောင်တဲ့ Dominique Fishback ပါ။ Dominique က​တော့ The Deuce Series နဲ့ Night Comes On The Hate U Give တို့မှာလဲ သရုပ်​ဆောင်ထားပါ​သေးတယ်။

မ​နေ့မှ Concert for Aliens music video ထွက်ထားတဲ့ အဆို​တော် MGK လဲ Newt ဆိုတဲ့ဇာတ်​ကောင်​နေရာမှာပါဝင်ထားပါတယ်။

0 comments:

Post a Comment