Love Is Annoying, but I Hate Being Lonely (2020)

16 Episodes


Rating : 7.6/10
Country : South Korean
Genre : Psychological,Romance,Youth,Drama
Cast : Ji Hyun Woo,Kim So Eun,Park Geon II

RS လေးတော့ထားချင်ပါရဲ့... အတည်တကျတွဲဖြစ်သွားတဲ့အခါ တာဝန်ယူရမယ့် ကိစ္စတွေ.. ချုပ်ချယ်မှုတွေကိုကလည်း မကြိုက်ဘူး... လွတ်လွတ်လပ်လပ်ကလည်း နေချင်သေးပါရဲ့.. တစ်ကောင်တည်း အထီးကျန်ရမှာကိုကျတော့လည်း မကြိုက်ပြန်ဘူး... ဆိုတဲ့ ခေတ်လူငယ်လေးတွေ Co-Living House တစ်ခုမှာ စုပေါင်းနေထိုင်ကြရင်း ဖြစ်လာတဲ့ ဖြစ်ရပ်လေးတွေကို ရိုက်ကူးပြထားတဲ့ ရိုမန့်ဒရမ်မာလေးပါ

ဇာတ်လမ်းကျောရိုးပုံစံလေးက လက်တွေ့ ခုခေတ် လူငယ်တွေရဲ့စိတ်ခံစားချက်တွေနဲ့ တော်တော်လေးတိုက်ဆိုင်နေတာမို့ လူငယ်တွေ အကြိုက်တွေ့မယ့် ဇာတ်လမ်းလေးမျိုးပါပဲ...

ဒီကားထဲမှာ မောင့်မိဖုရား ဇာတ်လမ်းထဲက မင်းသား Ji Hyun Woo နဲ့အတူ... F4 ချစ်သူထဲက ဂါအူးလ်အဖြစ် လူသိများလာခဲ့တဲ့ မင်းသမီး Kim Soeun တို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားကြပြီး.. B1A4 Group member တွေထဲက အဆင်လေး Gong Chan အပြင် တခြား အဆင်ငယ်ငယ်ချောချောလေးတွေအများကြီးကလည်း ပါဝင်အားဖြည့်ထားပါသေးတယ်...

လူငယ်ကြိုက် Fancy Romance Drama လေးမို့ ဘယ်လိုလေးတွေ ရင်ခုန်ရမလဲဆိုတာ

0 comments:

Post a Comment