King of Prison (2020)


Rating : 7.8/10
Country : Korea
Genre : Drama  
Cast : Myeong-Yeon Jo, Min Kim, Hyun-Woong Lee
Released Date : 2020
Duration : 1h 48min

အညွှန်း
ဒီကားကတော့ထောင်အက်ရှင်ဖိုက်တင်ကားကြိုက်နှစ်သက်တဲ့ပရိတ်သတ်ကြီးအတွက်တင်ဆက်ပေးထားတာဖြစ်ပြီးဇာတ်လမ်းလေးကလည်းကောင်းပါတယ်။မင်းသားတွေကနာမည်ကြီးတွေမပါဖူးဆိုပေမယ့်
သရုပ်ဆောင်ချက်တွေကသဘာဝကျပြီးတော့ထောင်တွင်းဇာတ်လမ်းစိတ်ဝင်စားတဲ့သူတွေအတွက်ကြည့်ပျော်တဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ထောင်ထဲမှာသူနေရာ သူအဆင့်နဲ့သူထိပ်သီးလူဆိုးတွေဆိုတာရှိကြပါတယ်။ဒီလူဆိုးတွေအချင်းချင်းဖြစ်ကြတဲ့ရန်ပွဲတွေအကြောင်းကိုဇာတ်လမ်းအဓိကဆင်ပေးထားတာပါ။ထောင်ဆိုတာကဘုမသိဘမသိနဲ့ မတရားခံရပြီးရောက်လာတဲ့သူတွေလည်းရှိသလိုတကယ်ဆိုးမိုက်ပေတေလို့ထောင်နန်းစံနေရသူလည်းရှိပါတယ်။ဇာတ်လမ်းကိုကောင်လေး တစ်ယောက် မတရားခံရပြီးထောင်ထဲကိုရောက်လာချိန်တွေ့ကြုံရတဲ့ အခက်အခဲအဖြစ်အပျက်လေးတွေနဲ့အစပျိုးထားပါတယ်။စားသောက်ဆိုင်ပိုင်ရှင်သားဖြစ်သူအီမန်အီဆိုတဲ့ကောင်လေးက သူအဖေကိုအကြွေးတောင်းတဲ့လူဆိုးတွေကနှိပ်စက်လို့ဓါးကိုင်ပြီး ဝင်ကယ်ရာကနေ ထောင်ထဲကိုလူသတ်ရန်ကြံစည်လို့ဆိုပြီးရောက်လာခဲ့ပါတယ်။ဒီထဲရောက်ထဲအခါမှာသူထက်ဆရာကျပြီး ဆိုးတဲ့မိုက်တဲ့သူတွေထားတဲ့အကြမ်းဖက်မှုအခန်းမှာသူနေရပါတယ်။အခန်းမှာတကယ့်ထောင်တွင်းလူမိုက်ဆရာကြီးထိပ်သီးတွေလည်းနေကြပါတယ်။အဲ့လိုနေစဉ်ကာလအတွင်းသူကြုံတွေ့ရတဲ့ပင်ပန်းဆင်းရဲမှုတွေ၊ထောင်တွင်းအနိုင်အထက်ပြုတာတွေနဲ့ လူဆိုးလူမိုက်တွေတောင်တစ်ခန်းတည်းတူတူနေရင်သံယောဇဉ်ဖြစ်သွားနိုင်တယ်ဆိုတဲ့အကြောင်းလေးကိုဇာတ်လမ်းလေးနဲ့တင်ဆက်ထားပါတယ်။ကိုရီးယားကားထုံးစံအတိုင်း Action သီးသန့်မဟုတ်ပဲဇာတ်လမ်း ဇာတ်အိမ်လေးနဲ့ drama လေးနှောပြီးကြည့်ကောင်းအောင်သွားပေးထားလို့Action/Drama ကြိုက်တဲ့ပရိတ်သတ်ကြီးအတွက်ကြည့်ကောင်းမယ့်ကားလေးတစ်ကားဖြစ်တယ်လို့လည်း ညွှန်းချင်ပါတယ်။


 

0 comments:

Post a Comment