High & Low The Movie (2016)

 

Rating : 6.6/10
Country : Japan
Genre : Action 
Cast : Ryôhei Abe, Leon Shibli Ahmad, Akira
Released Date : 2016
Duration : 2h 9min

အညွှန်း
Big Bang အဖွဲ့ဝင် Seungri ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားလေးတစ်ကားကို

မိတ်ဆက်ပေးပါရစေနော် …

ဒီဇာတ်ကားလေးထဲမှာတော့ Seungri ကကိုရီးယားဂိုဏ်းခေါင်းဆောင်ရဲ့သား လူဆိုးနေရာကနေ ပါဝင်ပေးထားပါတယ် …

High & Low : The Movie လို့အမည်ရတဲ့ဒီကားလေးကတော့ ဂျပန်လူငယ်ဖိုက်တာလေးတွေ အကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ် …

ဖိုက်တာလို့ဆိုပေမယ့် သက်သက်မဲ့ရန်ဖြစ်ပြဿနာရှာနေတတ်တဲ့သူများ မဟုတ်ဘဲ ကိုယ့်မြို့ကိုယ့်ဒေသကို ကာကွယ်ချင်စိတ်ကြောင့်ဖြစ်ပြီး သူတို့ကိုကြည့်လိုက်ရင်ကြမ်းတမ်းခက်ထန်မယ် ထင်ရပေမယ့် သူတို့ရဲ့စိတ်နှလုံးသားတွေကတော့ နူးညံ့ပြီးကြင်နာတတ်ကြောင်းကို ဖော်ပြပေးထားတဲ့ဇာတ်လမ်းမျိုးလေးဖြစ်ပါတယ်။

ဂိုဏ်း၅ဂိုဏ်းအမြဲတမ်းပြင်းပြင်းထန်ထန်နဲ့ဘယ်လောက်တောင်တိုက်ခိုက်တတ်ကြမလဲ ?

နောက်ပိုင်းမှာသူတို့ ဂိုဏ်း၅ခုကိုဒဏ္ဍာရီလိုကျော်ကြားတဲ့မူဂန်ဂိုဏ်းကစိုးမိုးချယ်လှယ်တာခံရတဲ့အခါ သူတို့တွေဘယ်လိုလုပ်မလဲ?

နောက်ဆုံံးမှာသူတို့ဂိုဏ်းတွေပြန်လည်သင့်မြတ်ကြမှာလား ?

တစ်ယောက်နဲ့တစ်ယောက်တိုက်ခိုက်မှုတွေရောရပ်တန့်ပြီးချစ်ခင်ကြမှာလားဆိုတာ High & Low : The Movieကိုကြည့်ရှုရင်းပရိသတ်ကြီးလည်း ဇာတ်ကားကပေးတဲ့ရသတစ်ခုခုကိုခံစားရရှိလိမ့်မယ်လို့

မျှော်လင့်ပါတယ်နော် …

0 comments:

Post a Comment