Gunjan Saxena: The Kargil Girl (2020)

 

Rating : 4.2/10
Country : India
Genre : Action, Biography, Drama 
Cast : Janhvi Kapoor, Pankaj Tripathi, Angad Bedi
Released Date : 2020
Duration : 1h 52min

အညွှန်း
Netflix Online မှာ မနေ့က
ပြသခဲ့သော အသစ်စက်စက် ဇတ်ကားသစ်တစ်ကားကို တင်ဆက်လိုက်ပါတယ်

မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး မဖြစ်သေးတာပဲရှိတာပါ

"IMPOSSIBLE ဆိုတဲ့ စကားလုံးကို တိုက်ရ်ိုက်ဘာသာပြန်လိုက်ရင်တော့ "မဖြစ်နိုင်သော"ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်

ဒါပေမယ့် ကိုယ့်ရဲ့ ပြင်းပြတဲ့
စိတ်ဆန္ဒနဲ့ ဇွဲ လုံ့လ ဝီရိယတွေ ပေါင်းစည်းလိုက်ရင်တော့
"I'M POSSIBLE"-"ငါဖြစ်နိုင်တယ်"ဆိုတဲ့ အဓိပ္ပါယ်ကိုရအောင်ဖော်​ဆောင်နိုင်ပါတယ်

ငယ်စဉ်ကတည်းက လေယာဉ်မှူးဖြစ်ချင်တဲ့
Gunju

Gunju က မိန်းကလေးတစ်ယောက်ဖြစ်တဲ့
အတွက် အမေဖြစ်သူက လောကသဘာဝအတိုင်းပဲ နေထိုင်စေချင်နေတယ်

ဒါပေမယ့် အဖေဖြစ်သူကတော့ သမီးကြိုက်တာလုပ်ခွင့်ရအောင် စိတ်ဓာတ်ခွန်အားရော
လိုအပ်တဲ့ အရာမှန်သမျှကို ဖြည့်စည်းပေးရှာတယ်

လောကသဘာဝလို့ အမည်တပ်ပြီး မိန်းကလေးဆိုရင် မီးဖိုချောင်ထဲမှာပဲ နေရမယ်လို့ သတ်မှတ်ထားတဲ့ ဒီစည်းမျဉ်းကြီးကို Gunju တစ်ယောက်တိုက်ဖျက်ဖို့
ကြိုးစားပါတော့တယ်

ဒါပေမယ့် ပတ်ဝန်းကျင်အနေအထားအရ ယောကျ်ားလေးတွေသာ လေယာဉ်မှူးလုပ်နိုင်တဲ့ စွမ်းရည်ရှိတယ်လို့ ခံယူထားကြပါတယ်

Gunju ကတော့ သူ့ရဲ့ အရည်အချင်း
နဲ့ လုပ်နိုင်စွမ်းတွေကို
အသုံးချပြီး မိန်းကလေးဆိုတာလည်း လူသားတစ်ယောက်ပါပဲ

ယောကျ်ားသားတွေနဲ့ ရင်ဘောင်တန်းပြီး လုပ်နိုင်တယ်ဆိုတာကို
Gunju တစ်ယောက်ဘယ်လို
သက်သေပြသွားမလဲ?

ယောကျာ်းသားတွေပဲ ရှိတဲ့ လေယာဉ်မှူးလောကထဲမှာ
Gunju တစ်ယောက် ဘယ်လိုအခက်အခဲတွေကို
ကြံ့ကြံ့ခံ ရင်ဆိုင်ပြီး
သူဖြစ်ချင်တာကို ရအောင်လုပ်သွားမလဲဆိုတာကိုတော့ ဒီဇာတ်ကားထဲမှာ တွေ့မြင်ရမှာဖြစ်ပါတယ်

0 comments:

Post a Comment