#FriendButMarried (2018)

 

Rating : 6.9/10
Country : Indonesia
Genre : Biography, Drama, Romance 
Cast : Adipati Dolken, Vanesha Prescilla, Refal Hady 
Released Date : 2018
Duration : 1h 42min

အညွှန်း
Friend But Married ဆိုတဲ့ကားလေးက သူ့နာမည်လေးအတိုင်းပါပဲသူငယ်ချင်းတော့သူငယ်ချင်း ဒါပေမယ့် လက်ထပ်မိသွားတယ်ပေါ့သူ့နာမည်မှာတင် အဓိပ္ပါယ်ကပါနေပြီးသားပါဇာတ်လမ်းအကျဥ်းလေးကတော့ ဒစ်တိုဆိုတဲ့ကောင်လေးဟာကလေးဘဝတည်းက တီဗီကမိသားစု ဇာတ်လမ်းတွဲတွေမှာသရုပ်ဆောင်တဲ့
ကလေးသရုပ်ဆောင်လေး အာယုကိုချစ်ကြိုက်မိပါတယ်အာယု ကသူ့စိတ်ကူးထဲကနတ်သမီးလေးပေါ့အာယုကိုအပြင်မှာလဲတွေ့ရလိမ့်မယ်သူမထင်ခဲ့ပါဘူးဖြစ်ချင်တော့ ကံကောင်းတဲ့တစ်ရက်မှာ အာယုဟာသူတက်တဲ့ကျောင်းကိုမှဆိုက်ဆိုက်မြိုက်မြိုက်လာတက်ပါတော့တယ်ဖြစ်ချင်တော့ အတန်းထဲမှာခုံလွတ်နေတာလဲဒစ်တို့ဘေးမှာပဲရှိတော့ သူ့ဘေးမှာဝင်ထိုင်ဖို့ခွင့်တောင်းတယ်ဒီလိုနဲ့ အရမ်းချစ်တဲ့သူငယ်ချင်းတွေဖြစ်သွားကြတယ်ဒီကားမှာထူးခြားချက်က အခြား Friendship ကားတွေလိုအချိန်အကြာကြီးသူငယ်ချင်းဖြစ်လာပီးမှအရောင်ပြောင်းသွားကြတာမဟုတ်ပဲဒစ်တို့ဖက်ကအစောကြီး ကတည်းကအာယုကိုကြိတ်crush နေတာပါဒီလို့နဲ့ BFF ကြီးအဖြစ် ၁၃နှစ်တောင် Friendzone ထဲအထည့်ခံရတဲ့ဒစ်တို သူဘယ်လိုရုန်းထွက်သွားလဲဆိုတာ ကွက်ကွက်ကွင်းကွင်းမြင်ရမှာပါIMDb မှာလဲ rating မဆိုးဘူး cast တွေကလဲအကုန်ချောချောလှလှလေးနောက်ပြီးအိုဗာမတင်းတဲ့ romantic moment လေးတွေပါလို့ကြည့်ရတာတစ်မျိုးအရသာရှိပါတယ်အင်ဒို ကားတွေလဲမခေတော့ပါဘူး နောက်ပြီးCrazy Little Thing Called Love ထဲကလိုမင်းသားနဲ့မင်းသမီးညားသွားကြတာနဲ့တင် အဆုံးမသတ်ပဲသူ့ရဲ့ sequel Friend But Married 2 ဆိုပြီး2020 မှာထပ်ထွက်ထားလို့ တစ်ဆက်တည်းသူတို့နှစ်ယောက်ရဲ့နောက်ပိုင်းဇာတ်လမ်းတွေကိုပါကြည့်ရဦးမှာပါ

0 comments:

Post a Comment