Friend, Our Legend (2009)

16 Episodes

Rating : 8.0/10
Country : South Korean
Genre : Action,Military,Friendship,Business,Comedy,Romance,Crime,School,Youth,Drama,Political
Cast : Hyun Bin,Kim Min Joon,Seo Do Young,Wang Ji Hye,Lee Si Eon

Friend , Our Legend ဆိုတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်..
ဇာတ်လမ်းလေးကတော့ ဘူဆန်မြို့က မြေအောက်ဂိုဏ်းစတားတွရဲ့ အားပြိုင်မှုတွေကို အခြေခံပြီး ရိုက်ကူးပြသထားတာဖြစ်ပါတယ်

ဒီဇာတ်ကားဟာ 2001 ခုနှစ်တုန်းက ထွက်ရှိထားတဲ့ Friends ဆိုတဲ့ ဇာတ်ကားကိုအခြေခံပြီးတော့ Friends ဇာတ်ကားရဲ့ ဒါရိုက်တာကပဲ ပြန်လည်ရိုက်ကူးထားတဲ့ကားဖြစ်ပါတယ်.. ဒီဇာတ်ကားလေးထဲမှာတော့ ဇာတ်ကောင်တွေရဲ့ဘဝကို ပိုပြီးနက်နက်ရှိုင်းရှိုင်း ပုံဖော်ပြသထားတပြီး သူငယ်ချင်းသံယောဇဉ်တွေနဲ့ ဂိုဏ်စတားတွေရဲ့အကြောင်းကို ရိုက်ကူးဖော်ပြထားပါတယ်

ဇာတ်လမ်းထဲမှာတော့ အချစ်ဆုံး သူငယ်ချင်းတွေဖြစ်တဲ့ ကောင်လေးလေးယောက်ဟာ 1970s နဲ့ 1980s ခုနှစ်ပိုင်းကာလတွေမှာ ဘူဆန်မြို့ရဲ့ လမ်းကြားတွေထဲမှာ ကျင်လည်ကြရင်း အရွယ်ရောက်လာတဲ့အခါမှာတော့ အချစ်ဆုံးသူငယ်ချင်းတွေကပဲ ဘူဆန်မြေအောက်အမှောင်လောကရဲ့ ထိပ်သီးတွေဖြစ်လာကြပြီး အချင်းချင်းပြိုင်ဆိုင်မှုတွေပြင်းထန်လာကြတဲ့အခါမှာတော့ ရင်းနှီးတဲ့သူငယ်ချင်းအဖြစ်ကနေ ခါးခါးသီးသီးဖြစ်နေကြတဲ့ ရန်သူပြိုင်ဘက်တွေ ဖြစ်သွားကြပါတော့တယ်...

ဒီဇာတ်ကားထဲမှာတော့ ပရိတ်သတ်အချစ်တော် Hyun Bin အပြင် မြန်မာပရိတ်သတ်တွေနဲ့ မစိမ်းတဲ့ မင်းသားကြီးတွေပါ ပါဝင်အားဖြည့်ထားတာမို့ ကြမ်းတမ်းတဲ့အက်ရှင်ခန်းတွေနဲ့ Friendship ဇာတ်ကားလေးတွေကို သဘောကျနှစ်သက်တတ်တဲ့ ပရိတ်သတ်ကြီးအတွက်တော့ ကြည့်သင့်တဲ့ဇာတ်ကားတစ်ခု ဖြစ်မယ်လို့ ညွှန်းပေးချင်ပါတယ်

0 comments:

Post a Comment