Bajirao Mastani (2015)


Rating : 7.2/10
Country : India
Genre :  Action, Drama, History
Cast :   Ranveer Singh, Deepika Padukone, Priyanka Chopra
Released Date : 2015
Duration :  2h 38min

အညွှန်း
စစ်သူရဲကောင်း ဘာဂျီရောဝ် ဟာ 
စစ်ပရိယာယ် ကြွယ်ဝလှပြီး တိုင်းပြည်ရဲ့
အားထားရာ / ပြည်သူ့အချစ်တော်တစ်ဦး
ဖြစ်ပါတယ်။ သူ့မှာ ကာရှီးဆိုတဲ့ ဇနီးချောလေးရှိပြီး သားတစ်ယောက်လည်း 
ပိုင်ဆိုင်ထားသူပါ။တစ်နေ့မှာတော့ သူရဲ့ စစ်မြေပြင်ကို
မဟာမိတ်တိုင်းပြည်မှ မင်းသမီးလေး 
မာစတီးနီ လာရောက်ပြီး စစ်ကူတိုက်ခိုက်ပေးပါရန် အကူညီတောင်းခံလာခဲ့သည်။ ဘာဂျီရောဝ်ရဲ့ စစ်ရေးကျွမ်းကျင်မှုကြောင့်
မင်းသမီး မာစတီးနီ တို့ဘက်မှ အနိုင်ရှိခဲ့လေသည်။ထို့နောက် ဘာဂျီရောဝ်ဟာ မင်းသမီးလေးကို
ချစ်မြတ်နိုးလာပြီး သူမပြန်ခင်အချိန်မှာ
သူ့ဓားမြှောင်လေးကို ပေးခဲ့ပါတယ်။
မင်းသမီး မာစတီးနီ တို့တိုင်းပြည်မှာတော့
ဓားမြှောင်ပေးအပ်ခြင်းဟာ လက်ထပ်ခွင့်
တောင်းခြင်းလို့ အဓိပါ္ပယ် သက်ရောက်ပြီး
ဘာဂျီရောဝ် ကို ချစ်မိခဲ့သူ မာစတီးနီဟာလည်း ဓားမြှောင်လေးကို
တယုတယသိမ်းထားခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့ အချစ်ရဲ့စွန့်စားခန်း
အနေဖြင့် မင်းသမီး မာစတီးနီဟာ ဘာဂျီရောဝ်ကို တွေ့ဆုံပြီး ကြိုးစားခဲ့တယ်။
ကဲ••••••••
ဘာတွေဆက်ဖြစ်လာမလဲဆိုတာတော့ 
ပရိသတ်များ ရင်ခုန်ကြည့်လိုက်ပါဦး။
ဒီဇာတ်ကားလေးဟာဖြင့် အိန္ဒိယသမိုင်းကို
အခြေပြုရိုက်ကူးထားပြီး ဆုပေါင်း ၁၄ ခု
ရရှိအောင်မြင်ထားပါတယ်။ ထို့ပြင်
မင်းသမီးချော ဒီးပီကာနဲ့ ချိုပရာ တို့
ပါဝင်သရုပ်ဆောင်ထားပြီး မိန်းမသားတို့ရဲ့
ခံစားချက်/ အချစ်ရဲ့ခံယူချက်ကို ပေါ်လွင်အောင် ဖော်ပြနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ဇာတ်လမ်းရဲ့ အတွေးအခေါ်/
စကားပြောတွေက ထိရှစေပြီး အကအလှ
စုံလင်မှုကလည်း ပြည့်စုံလှပါတယ်။ ဤသို့
ကောင်းမွန်လှတဲ့ ဇာတ်လမ်းမျိုးကို
မကြည့်ရမရှိလေအောင် ခံစားကြည့်ရှုလိုက်ပါဦးလို့ ညွှန်းပါရစေလားဗျာ။

0 comments:

Post a Comment