Ava (2020)

 

Rating : 5.4/10
Country : United State
Genre : Action, Drama, Crime
Cast : Jessica Chastain, John Malkovich, Common 
Released Date : 2020
Duration : 1h 36min

အညွှန်း
ဇာတ်ကားကောင်းကောင်းလေးတွေ ထွက်တာ နည်းနေတော့ ပရိသတ်ကြီးလည်းပျင်းနေပြီပေါ့ ။ဒီတစ်ခါတော့ Gc ပရိတ်သတ်ကြီးကို တင်ဆက်ပေးမှာကတော့ အက်ရှင်ဒရမ်မာကားကောင်းလေးတစ်ခုပါ။ Cast တွေက Jessica Chastain, Colin Farrell , Ioan Gruffudd, John Malkovich အလန်းတွေချည်းပဲနော် …

ဇာတ်လမ်းကိုညွှန်းရမယ်ဆိုရင် အရက်စွဲနေလို့ အရက်ကိုအတော်ကြိုးစားပြီး ဖြတ်ထားရတဲ့အေဗာ သူအခုလုပ်နေရတာကတော့ အဖွဲ့အစည်းတွေအတွက် ကြေးစားလူသတ်သမားပုံစံမျိုးပါ။ သူအလုပ်လုပ်နေတဲ့အဖွဲ့မှာစည်းမျဉ်းတစ်ခုရှိပါတယ်။ အဲ့တာကတော့ သတ်ရမဲ့ပစ်မှတ်ကို ဘာကြောင့်သတ်ရမှာလဲဆိုတာကို မမေးမိဖို့ပါပဲ။

ဒါပေမဲ့ အေဗာကတော့ အရမ်းကိုသိချင်စိတ်ပြင်းပြတာကြောင့် သူနောက်ဆုံးလုပ်ခဲ့တဲ့မစ်ရှင်မှာ ဒီစည်းကမ်းကိုဖောက်ဖျက်ခဲ့ပါတယ်။ ဒါကိုအဖွဲ့အစည်းက အပြစ်ပေးတဲ့အနေနဲ့ အချိန်ကာလတစ်ခုအထိအလုပ်နားခိုင်းလိုက်ပါတယ်။ တကယ်တော့ ဒါဟာဟန်ပြသာဖြစ်ပြီး နောက် ကွယ်မှာအေဗာကိုလုပ်ကြံသတ်ဖြတ်ဖို့ စေခိုင်းပြီးသွားပါပြီ။

ဒီလိုနဲ့အလုပ်နားခွင့်ရတဲ့အေဗာဟာ သူ့အမုန်းဆုံးအဖေရဲ့ဈာပနပွဲကိုပြန်ရင်း မိသားစုဆီရောက်ရှိလာကာ အတိတ်ကသူ့ဘ၀ရဲ့ နာကျင်ဖွယ်ရာများကို ပြန်လည်ပြုပြင်ဖို့ကြိုးစားပါတော့တယ်။ တစ်ချိန်တည်းမှာပဲ မိသားစုပြဿနာတွေကိုရင်ဆိုင်ရင်း လူသတ်သမားလက်ကလွတ်အောင်လုပ်ရင်း နောက်ဆုံး သူ့ကိုလုပ်ကြံတဲ့သူတွေကို အပြတ်ရှင်းဖို့ဆုံးဖြတ်ပြီး တန်ပြန်တိုက်ခိုက်မှုတွေလုပ်တာကို ဒီကားလေးထဲမှာ တစ်၀ကြီးကြည့်ရှုရမှာပဲဖြစ်ပါတယ်။

0 comments:

Post a Comment