88 Minutes (2007)



Rating : 5.9/10
Country : United State
Genre : Crime, Drama, Mystery 
Cast : Al Pacino, Alicia Witt, Ben McKenzie   
Released Date : 2007
Duration : 1h 48min

အညွှန်း

2007 ကထွက်ခဲ့ပြီး . Rating အများစုရရှိထားတဲ့ Crime, Drama, Mystery ဇာတ်ကားလေးပါ။
ဒီကားက ဇာတ်စ ဇာတ်လယ် ဇာတ်ဆုံး ထိ ကြည့်နေတဲ့သူကို ဆွဲခေါ်သွားနိုင်တဲ့ကားမျိုးပါ။ တကယ်လို့လူသတ်သမားက ၈၈ မိနစ် အသက်ရှင်ဖို့ပေးထားမယ်ဆိုရင် ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ။ဂျွန်ဖော်စတာက စိတ္တဇလူသတ်သမား။ သူ့ကိုထောင်ချလိုက်တာက စိတ်ရောဂါကုမှုခင်းဆရာဝန် ဂျက်။ဂျက်က နေ့ဘက်ဆို ဆရာဝန်၊ ညဘက်မှာ party ပေးပြီး ကဲတဲ့သူ။ ဂျက်မှာ ၈၈ မိနစ်ဘဲ အသက်ရှင်မယ်ဆိုပြီးခြိမ်းခြောက်ဖုန်းခေါ်ဆိုမှုခံရတယ်။ ဂျက်မှာလဲ အတိတ်ဟောင်းရှိခဲ့တယ်။ အတိတ်ဟောင်းနဲ့ ၈၈မိနစ်က ဘယ်လိုပတ်သတ်နေလဲ။ ဂျွန်ဖော်စတာက ဂျက်အတိတ်ဟောင်းကိုပြန်တူးဆွပြီး လူသတ်မှုတွေကိုထောင်ထဲကနေ ထပ်ဖန်တီးတယ်။ သူထောင်ကျလျက်နဲ့ လူသတ်မှုဖြစ်ရင် သူ အပြစ်လွတ်မှာမို့လို့။ ဂျွန်​ကဘယ်လိုမျိုး လူတွေထပ်သတ်တာလဲ။ ဂျက်ကကော အမှုမှန်ပေါ်အောင်လုပ်နိုင်မှာလားဆိုတာ စိတ်ဝင်တစားကြည့်ရမှာပါ။

0 comments:

Post a Comment