The Hurt Locker (2008)



Rating : 7.6/10
Country : United State
Genre :  Drama, Thriller, War
Cast : Jeremy Renner, Anthony Mackie, Brian Geraghty 
Released Date : 2008
Duration : 2h 11min

အညွှန်း
ဒီကားကတော့ ၂၀၀၈ ခုနှစ်ကထွက်ခဲ့ပြီး ကြည့်ရှုသင့်တဲ့ War film‌ ​တွေထဲမှာ ထိပ်တန်းနေရာက ပါ၀င်ပါတယ်။၂၀၀၈ Academy award မှာ ဒါရိုက်တာ ဂျိမ်းကင်မရွန်းရဲ့ Avatar ရုပ်ရှင်ကို ကျော်လွန်ပြီး Nomination 9 မှာBest Director အပါအ၀င် Oscarsတွေ ၆ ခုတိတိ သိမ်းပိုက်ခဲ့တဲ့ကားဖြစ်ပါတယ်။ Marvel ဇာတ်ကောင် စူပါစတားတွေဖြစ်တဲ့ Hawkeye & Falcon နေရာမှာသရုပ်ဆောင်ခဲ့တဲ့ Jeremy Renner နဲ့ Anthony Mackie တို့ကလည်း

အတွဲညီညီပါ၀င်ထားပါတယ်။ဇာတ်လမ်းအညွှန်း
*****************
ကမ္ဘာပေါ်မှာ စစ်တိုက်ရတာ အန္တရာယ်အရှိဆုံးအလုပ်တစ်ခုဆိုရင် စစ်မြေပြင်မှာ ဗုံးရှင်းလင်းရေးအလုပ်ကလည်းဒုတိယအန္တရာယ်အရှိဆုံးဖြစ်ပါတယ်။ US နဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတစ်ခုဖြစ်တဲ့ အီရတ်စစ်မြေပြင်မှာ EOD ဆိုတဲ့ဗုံးရှင်းလင်းရေး အဖွဲ့ရှိပါတယ် ။အဲ့ဒီအဖွဲ့ရဲ့ ခေါင်းဆောင်ဟာ မတော်တဆ လုပ်ကြံ‌ေဖာက်ခွဲမှုမှာ သေဆုံးသွားတဲ့အခါ သူ့နေရာကို တပ်ကြပ် ဝီလီယံ ဂျိန်း ဟာ အစားထိုးရောက်ရှိလာပါတယ်။ ဂျိန်းဟာ တဇွတ်ထိုးလုပ်တတ်တဲ့ ဂွစာတစ်ယောက်ဖြစ်ပေမယ့် ကျွမ်းကျင်တဲ့ ဗုံးရှင်းလင်းရေးတပ်သားလည်းဖြစ်ပါတယ်။ သူ့ရဲ့ ပုံစံအတိုင်း EOD အဖွဲ့၀င်ဟောင်းတွေနဲ့ ကတောက်ကဆတွေဖြစ်လာပါတယ် ။ သူနဲ့ အဖွဲ့ကြားက ဆက်ဆံရေးကရော ဘယ်လိုဖြစ်လာမလဲ ??အီရတ်မှာကော ဗုံး disposal mission တွေကို ဘယ်လိုသက်စွန့်ဆံဖျားလုပ်သွားမလဲဆိုတာကိုတော့ မိနစ်တိုင်းကိုမျက်တောင်မခတ်ကြည့်ရှုသွားဖို့ အကြုံပြုလိုက်ရပါတယ်။

0 comments:

Post a Comment