Airlift (2016)


Rating : 8.0 /10
Country : India 
Genre :    Drama, History
Cast :  Akshay Kumar, Nimrat Kaur, Kumud Mishra 
Released Date : 2016
Duration :  2h 10min 


အညွှန်း
၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်မှာထွက်ရှိခဲ့တဲ့ ဒီကားဟာ ထူးထူးခြားခြားဘဲ IMdb rating မှာ 9.1/10 ရှိထားတာကိုတွေ့ရပါတယ်။ ဒီဇာတ်ကားဟာ ၁၉၉၀ မှာ အီရတ်တွေ ကူဝိတ်ကို ကျူးကျော်ဝင်ရောက်ချိန်မှာ
အိန္ဒိယနိုင်ငံသားတွေကို ကူဝိတ်မှာ ရှင်းလင်းသတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။
ဒီဇာတ်ကားဟာဆိုရင်ဖြင့် သာမန်တွေ့မြင်နေကြ ဘောလိဝုဒ်ကားတွေနဲ့ မတူတာတခုကတော့ ရုပ်ရှင်ဒါရိုက်တာ ၂ယောက်က ရိုက်ကူးထားခြင်းဖြစ်ပြီး ပုံမှန်ကြည့်နေကြ ဘောလိဝုဒ် ဇာတ်ကားတွေနဲ့
မတူဘဲ တမူထူးခြားကွဲထွက်နေတာကိုတွေ့ရမှာပါ။
၂၀၁၄ ခုနှစ် က စာရင်းကောက်ယူချက်များအရဆို အိန္ဒိယ အစိုးရဟာ ဆန္ဒဟူဆိန်ရဲ့ တပ်များကျူးကျေ်ာမှုကြောင့် ကူဝိတ်နိုင်ငံမှ အိန္ဒိယနိုင်ငံသားများကို Air India လေကြောင်းလိုင်းဖြင့် ၅၉ရက်အတွင်း ပျံသန်းမှုပေါင်း၄၈၈ကြိမ်ပြုလုပ်ခဲ့ပြီး လူပေါင်း တသိန်းတသောင်းတထောင်ခုနှစ်ရာခုနှစ်ဆယ့်နှ်စ့်ယောက် ကိုရွေ့ပြောင်းပေးခဲ့ရပါတယ်။
ဒီဇာတ်ကားက သမိုင်းကြောင်းတခုတည်းကိုသာမကဘဲ စစ်အတွင်း ငွေကြေးအာဏာတွေရဲ့ အရေးပါပုံ
လူ့စရိုက် သဘောသဘာဝတွေကိုပါ မီးမောင်းထိုးရိုက်ကူးပြသပေးထားလို့ အများကြီးမညွှန်းတော့ပါဘူးဗျာ။ဘောလိဝုတ်ပရိတ်သက်တွေကတော့ အကြိုက်တွေ့မယ်ဇာတ်ကားကောင်းတကာားပါ။

0 comments:

Post a Comment